အပိုင်း(၃) : အလှလေးက ငါ့အပေါ် နှာဘူးကျနေသလိုပဲ

5.2K 489 105
                                        

[ Unicode ]

[ မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ား ]

အပိုင်း(၃) : အလှလေးက ငါ့အပေါ်  နှာဘူးကျနေသလိုပဲ

..................

မြေရှင်ကြီးရှောင်းကျန့် ဒီနေ့ တက်ကြွနေ၏။

အဘယ်ကြောင့်ဆိုသော်  ဝမ်ရိပေါ် ကလေး ဆိုင်ခန်းလေး ဖွင့်မဲ့ရက်ဖြစ်တယ်။

ထို့ကြောင့် ရှောင်းကျန့် မှာ မနက်မိုးသောက်ယံကတည်းက ဝတ်ကောင်းစားလှ တွေ ပြင်ဆင်ဝတ်ပြီး ဇနီးအလိမ္မာလေးရဲ့ ဆိုင်လေးဆီသို့ မြှောက်ကြွမြှောက်ကြွ နှင့် လျှောက်လာခဲ့သည်။

စားသောက်ဆိုင်၏ နံဘေးက အနီရဲရဲ အရောင်နှင့် ဆိုင်ခန်းလေးကို ကြည့်ပြီး ရှောင်းကျန့် မှာ တပြုံးပြုံး။

ဆိုင်နာမည်ကိုလည်း ထူးထူးဆန်းဆန်း ပေးထားသေးသည်။ " လနတ်သမီးကဲ့သို့ ဖွေးဖွေးဆွတ်လှစေမဲ့ အချောအလှတို့ စံပျော်ရာ " တဲ့လေ။

ဒါကြီးက ရယ်စရာ မကောင်းဘူးလား။ ထားပါတော့လေ။ ဝမ်အာလေး သဘော က သူ့သဘောပါပဲ။

စက္ကူရွက်သစ်သားတံခါးလေးကို ဆွဲဖွင့်လိုက်တာနှင့် ချွင်ခနဲ မြည်သွားတဲ့ ခြူခေါင်းလောင်း အသံကလေးရယ် ၊ လိုက်ကာစ ဇာပန်းရောင်လေးတွေကလည်း ယိမ်းခနဲ လှုပ်ရှားသွားသည်။

ဒီနေ့ကျမှ ရှောင်းကျန့် ကိုယ်တိုင်ဆင်ပေးထားတဲ့ ဝတ်စုံပန်းနုနှင့် အသားရောင် စပ်ထားတဲ့ ဝတ်ရုံလေးနှင့် ဝမ်အာလေးက ကြည့်ကောင်းလွန်းနေသည်။

ယောကျ်ားဆန်ချင်လွန်းသည့် ဝမ်အာ ကလေးက သူ့ကိုယ်သူ အိမ်ထောင်ဦးစီးလိုမျိုး ဆံနွယ်တွေကို နဖူးရော အပြောင်သိမ်းပြီး ထုံးဖွဲ့ထားသေးသည်။

ရှောင်းကျန့် မှာ အတွန့် မတက်ရဲပါ။ ဒီပုံစံနဲ့လည်း ရှောင်းဝမ်အာလေးက သိပ်ချောတာပါပဲ ။ ပန်းရောင်စည်းကြိုးလေးကိုတော့ ရှောင်းကျန့် ဆန္ဒ အတိုင်း မငြင်းဘဲ ဆံထုံးတွင် ချည်နှောင်ထားပါသေးတယ်။

အစက ဝမ်အာ က  မဝတ်ချင်ပါဘူး။ ပန်းရောင်ကြီး မကြိုက်ပါဘူးတဲ့လေ  ။ "ကိုယ်က ကြိုက်တယ်လေ ... မဝတ်ရင် ဝမ်အာ ကို စျေးရောင်းခွင့်မပြုတော့ဘူး " ဆိုပြီး ခြိမ်းခြောက်မှ ရှောင်းကျန့် အလိုကျ ဝတ်လိုက်ရသည်။

မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ားМесто, где живут истории. Откройте их для себя