အပိုင်း(၁၃) : အလှလေးရဲ့ ပရိယာယ် ကောင်းမူနှင့် စိတ်ကောက်ပြေစ အကြင်နာအနမ်းများ ...

3.1K 386 58
                                    

( Unicode )

                          
   [ မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ား ]

အပိုင်း(၁၃) : အလှလေးရဲ့ ပရိယာယ် ကောင်းမူနှင့် စိတ်ကောက်ပြေစ အကြင်နာအနမ်းများ ...

..................

ဝမ်ရိပေါ် အောက်နှုတ်ခမ်းကို ဖိကိုက်ရင်း အံတင်းတင်းကြိတ်ထားရသည်။ သူအရှေ့က မြင်ကွင်း က အလွန်ပင် စက်ဆုပ်ဖွယ်ကောင်းလွန်းနေ၏။

ဟိုတလောကပဲ အကြီးအကျယ် ရန်ဖြစ်ထားတဲ့ သူ့၏ တောသား က ထို မိန်းကလေး ရှေ့တွင်တော့ သွားဆယ့်နှစ်ချောင်းပေါ်အောင် ရယ်နေလိုက်တာများ မြင်ရတာ မျက်စိစပါးမွေးစူးလာစေသည်။

ဒီနေ့က ရိပေါ် လေး ဗိုက်ထဲက စုဗူးလေးအတွက် ဂုဏ်ပြုတဲ့ အနေနဲ့ ခေါက်ဆွဲချက်ကလေးကို အိမ်တိုင်း လိုက်ဝေငှဖို့ ရပ်နီးရပ်ဖများက လာရောက် ကူညီကြပါသေးသည်။

" ဝမ်ဝမ် ... ခေါက်ဆွဲဖက်တွေကို ဘာလို့ ဆွဲနေတာလဲ၊ ဒီမှာ ကြက်ချီးပုံလို ပြန့်ကျဲ ကုန်ပြီ "

ရိပေါ်မှာ ကျိုးကော၏ ဗျစ်တီးဗျစ်တောက် ဆူပူသံလေးကြောင့် အောက်ကို သေချာငုံ့ကြည့်လိုက်တော့ ပြုတ်ထားတဲ့ ခေါက်ဆွဲပြုတ်အဖက်များသည် ရိပေါ်ကြောင့် အကုန် မွှစကြဲကုန်တော့၏။

" ဝမ်ဝမ် သတိမထားမိလိုက်လို့ပါ... ကန်တော့နော် ကျိုးကော "

" ဟင်း... လုပ်ချင်ရာလုပ်ပြီးမှ တောင်းပန်မနေနဲ့တော့... ကျိုးကော ပြောသလို ငြိမ်ငြိမ်လေးထိုင်နေပါ။ ဝမ်ဝမ် က မပေါ့မပါးကြီးနဲ့ သက်သောင့်သက်သာနေ "

ကျိုးကော၏ ဂရုစိုက်မှုကြောင့် ရိပေါ် မျက်ရည်ဝဲလာမိသည်။ သူ အရင်ဘဝက ဒီလို နွေးထွေးတဲ့ အကြင်နာတွေ မခံစားခဲ့ရဖူးပါ။

ကျိုးကော ပခုံးနှစ်ဖက်ကို ရိပေါ် သိုင်းဖက်ထားလိုက်မိသည်။

" ကျေးဇူးတင်ပါတယ် ကျိုးကော... ကျွန်တော် အတွက် ကျိုးကောက မိသားစု ဆိုတာထက် ပိုပါတယ် "

" ဝမ်ဝမ် ရုတ်တရက် ကျိုးကောကို လန့်အောင် မလုပ်ပါနဲ့ "

ကျိုးကောက ရှက်ကိုးရှက်ကန်း ရယ်တော့ ရိပေါ်လည်း လိုက်ရယ်မိသည်။

မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ားWhere stories live. Discover now