( Unicode )
[ မြေပိုင်ရှင် အလှလေးက ငါ့ယောကျ်ား ]
အပိုင်း(၁၉) : ချစ်သူ့ ဖန်ဆင်းတဲ့ ပန်းဥယျာဉ်
....................
ရှောင်းပြည်ထောင်၏ မြို့တော်ဂိတ်တံခါးဝ ရောက်တာနှင့် တပြိုင်နက် ဝမ်အိတုန်ရဲ့ လက်ဖျားလေးတွေက အချင်းချင်း ဖိပွတ်နေမိပြီး စိတ်လှုပ်ရှားမှုကြောင့် အောက်နှုတ်ခမ်းလေးကို လျှာနဲ့ မသိမသာ သပ်လိုက်မိလေ၏။
လက်ချောင်းလေးတွေက မနေတတ်စွာ တို့ဆိတ်နေမိပြီး ဝမ်ရိပေါ် ရဲ့ မျက်ပေတုံးလေးဟာ ကဏှာမငြိမ်ဘဲ ဟိုရွေ့ဒီရွေ့။
ရုတ်တရက် အေးစက်နေတဲ့ သူ့လက်ချောင်းလေးတွေကို ထွေးဆုပ်လာတဲ့ လက်တစ်စုံကြောင့် ရိပေါ် မျက်လုံးလေးတွေက ဝိုင်းခနဲပင်။
ကျောက်တုံးပမာ တည်ငြိမ်လွန်းနေသော အလှလေးကို မြင်တော့ ရိပေါ် အံ့သြမဆုံးပေ။
သူ့ ယောကျ်ားက ဘုရင်ဖြစ်တော့မှာတောင် ရွှင်မြူးခြင်း မျက်နှာကလေးတောင် မပြသပေ။
ရှောင်းကျန့် က စိတ်ခံစားချက် ဆုံးရှုံးနေတဲ့သူလည်း မဟုတ်ဘဲနဲ့ဟာ။ တကယ်ပဲ နေနိူင်လွန်းပါပေတယ်။
ရိပေါ်က တစ်ယောက်တည်းလေ။ သူစိမ်း တိုင်းပြည်မှာ ရိပေါ်က တစ်ယောက်တည်းလိုက်လာခဲ့ရတာ။
ဖြစ်ချင်တော့ မေမေနဲ့ ဖေဖေက လော့ရန်ကို ခေတ္တ ပြန်ပါဦးမည်။ သားတို့နှစ်ယောက်ဆီကိုတော့ အခွင့်အခါကြုံမှ လာပါမယ် ဆိုပြီး တတွတ်တွတ် ပြောလိုက်တာမို့ သူစိမ်းတိုင်းပြည်မှာ ရိပေါ်က သင်းကွဲငှက်ကလေးပမာ။
ညီဖြစ်သူကိုလည်း အဖေက မထည့်လိုက်တာမို့ ရိပေါ် အားငယ်မိသွားရသည်။
အရေးကြုံ မှ အမိတဆိုတာ ရိပေါ် ကို ပြောတာများလား။
အလှလေးက ဘယ်လိုပဲ သူ့ချစ်ခင်ပွန်းလေး ဖြစ်နေပါစေ။ အမြဲတစေ အနားမှာ အဖော်လုပ်ပေးနိုင်မှာ မဟုတ်မှန်း ရိပေါ် သိပါတယ်လေ။
ရှောင်းအရှင်မင်းမြတ် က အလှလေး အဖေဆိုတော့ ရိပေါ် ယောက္ခထီးပဲလေ။
ВЫ ЧИТАЕТЕ
မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ား
Фанфикшнဝတ္ထု တစ်ခုထဲ ပြန်လည်မွေးဖွားလာတဲ့အခါ အလှလေးက ငါ့ယောကျ်ား တဲ့။ သူ့ယောကျ်ား က အရမ်းလှတယ် ။ မြေရှင်ကြီး ရှောင်းကျန့် က အလှလေး XiaoZhan WangYiBo ZSWW
