အပိုင်း(၁၅) : အဝတ်လဲခန်းထဲက ဖရိုဖရဲ ဝမ်အိတုန်

2.9K 310 51
                                    

( Unicode )

[ မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ား ]

အပိုင်း(၁၅) : အဝတ်လဲခန်းထဲက ဖရိုဖရဲ ဝမ်အိတုန်

..............

လော့ရန် ဘုရင်မကြီးဆီရဲ့ မွေးနေ့တော်လည်း နီးလာပြီမို့ ရှောင်းကျန့် တို့ မအားလပ်ပေ။

ဗုဒ္ဓဂူကျောင်းတွင် ရှောင်းကျန့် တို့ ဘုရင်မ မွေးနေ့ ဆုတောင်းအတွက် ဖယောင်းတိုင်မီးများက အစ ကုန်စျေးတန်းလေးတွေ တည်တာကိုပါ လိုက်လံ ကူညီပေးမိကြသည်။

သူတို့ လုပ်အားပေး ကူညီနေတဲ့ အနားတွင်လည်း ဝမ်ရိပေါ် ကလေးက ကလေးများဗိုလ် လုပ်ကာ ရှောင်းကျန့် ကိုလည်း လှမ်း,လှမ်းကြည့်ရင်း ပြုံးပြ၏။

ရှောင်းကျန့် မှာ ထိုကလေးကို အသည်းယားလွန်း၍ ခဏခဏ ပြုံးမိနေတယ်။

" ရှောင်းကျန့် "

" အေး... ဘာလဲ ပြော "

ပြဇာတ်ရုံအတွက် သပြေတိုင်များကို ကြိုးနှင့် ချည်နေတုန်း ယွီပင်းက လှမ်းခေါ်တော့ ရှောင်းကျန့် လည်း မဆိုင်းမတွ ထူးလိုက်သည်။

" ဘုရင်မ မွေးနေ့အတွက် ရှောင်းပြည်ထောင်က အရှင်မင်းကြီး  ရောက်လာမယ် ဆိုတဲ့ သတင်းတွေ ထွက်နေတယ်ကွ... "

" သြော်... ဒါ ငါတို့ အရေးမှ မဟုတ်တာဘဲကွာ၊ နန်းတွင်း ကိစ္စ ကို ငါတို့လို သာမန်လူတွေက ပါးစပ်ဖွာရင် ဒါ ပြတ်မှာ "

ရှောင်းကျန့် က လည်တိုင်ကို လက်တစ်ဖက်နှင့် ကန့်လန့်ဖြတ်ပြပြီး မျက်လုံးကို ပြူးပြတော့ ယွီပင်းက ခပ်လွန့်လွန့် ရယ်၏။

" ရိုးရိုးတန်းတန်း မလာကြဘူးကွ... အရှင်မင်းကြီး ရဲ့ ပျောက်ဆုံးသွားတဲ့ သားတစ်ယောက်က လော့ရန်မှာလို့ ကောလာဟလ ပျံ့နှံ့ နေတယ် "

" ဟေ့ကောင် ငပင်း... မင်း အရည်မရအဖတ်မရ ပြောနေမဲ့အစား ထန်းတော သွားနှင့်ကွာ "

ကျိုးချန်ရဲ့ အရွဲ့စကားကြောင့် ယွီပင်းက မျက်ထောင့်နီနှင့် လှမ်းကြည့်သည်။

အံမယ် ငချန်ကောင်က သူ့ချစ်လင်ဘေးမှာ ပြုံးပြုံးကြီး ထန်းလျှော် တွေ လက်ဆင့်ကမ်း ပေးနေပုံက မသိရင် သတို့သား ၊ သတို့သမီး ကြည်နူးနေတာကျနေတာပဲ။

မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ားWhere stories live. Discover now