( Unicode )
[ မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ား ]အပိုင်း(၁၀) : ကလေးလိုချင်တဲ့ အလှလေးနဲ့ အလှပျက်မှာ ကြောက်သော ဝမ်အိတုန်လေး
................
" ကျွတ် ကျွတ် "
ကုတင်ပေါ်က အနှီယောကျ်ားရဲ့ ညည်းညူသံနှင့်အတူ လူးလွန့်လာသော ခန္တာကိုယ်ကြောင့် ရိပေါ် ကိုယ်လေးက မတ်ခနဲ။
မျက်လုံးတွေကို ဖွင့်ရန် ကြိုးစားနေတဲ့ ထိုလူက သတိရလာပြီဟုတော့ ထင်ရတယ်။
ရိပေါ်လည်း ထိုလူစိမ်းကို သူ့လက်နှင့် ထိတာ မြင်ရင် အလှလေးက သဝန်တိုသွားမှာ စိုးသဖြင့် ကျောကုပ် တုတ်ကလေးနဲ့ လှမ်းတို့လိုက်လေသည်။
" ဟေ့လူ... သတိရလာပြီလား "
ရိပေါ် အသံကို ထိုသူက ကြားမည့်ပုံပင်။ မျက်လုံးမဖွင့်သေးသော်လည်း ခေါင်းညိတ်ပြသည်။ နာကျင်မှုကြောင့် မျက်နှာမဲ့နေတဲ့ ထိုလူက သနားဖို့တော့ ကောင်း၏။
ခေတ္တ အကြာ ထိုလူစိမ်း မျက်လုံးတွေက ဖွင့်ဟလာပြီး ရိပေါ်ကို မမှိတ်မသုန် ကြည့်လာသည်။
" ကျွန်တော် ဘယ်ရောက်နေတာလဲ "
သူ့ လည်ချောင်းက ခြောက်သွေ့နေ၏။ အသံကလည်း မတိုးမကျယ်မို့ ရိပေါ် သိပ်မကြားရ။
" ခဏနော်... ကျွန်တော် ယောကျ်ား သွားခေါ်ဦးမယ် "
ရိပေါ် ကမန်းကတန်း ပြေးထွက်သွားလိုက်သည်။
ကုတင်ပေါ်က သူစိမ်းသည်လည်း ရေဆာနေ၍ ရေသောက်ချင်ကြောင်း ပြောမလို့ဟာ ဇိုးခနဲဇက်ခနဲ ပြေးသွားတဲ့ ကယ်တင်ရှင်ကြောင့် ပြောမဲ့စကားက ပျက်သွားရသည်။
သူပြောသွားတာ ယောကျ်ား တဲ့လား။ ပိုင်ယွင် နားကြားလွဲတာတော့ မဟုတ်ဘူးမလား။
.
.
.ထိုလူက သတိရလာခြင်း ရှောင်းကျန့် နှင့် ရိပေါ် သည် ခွေးခြေခုံလေးမှာ ထိုင်ရင်း ကုတင်ပေါ်က အနှီလူကို အကဲခတ်လျက် ရှိသည်။
ထိုလူက အနေရခက်နေဟန် အကြည့်တွေ လွှဲ, လွှဲသွားတာမို့ မနေနိုင်သူ စပ်စုအိုးလေး ဝမ်ရိပေါ် က စကားစလိုက်တယ်။
![](https://img.wattpad.com/cover/304108296-288-k798810.jpg)
YOU ARE READING
မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ား
Fanfictionဝတ္ထု တစ်ခုထဲ ပြန်လည်မွေးဖွားလာတဲ့အခါ အလှလေးက ငါ့ယောကျ်ား တဲ့။ သူ့ယောကျ်ား က အရမ်းလှတယ် ။ မြေရှင်ကြီး ရှောင်းကျန့် က အလှလေး XiaoZhan WangYiBo ZSWW