အပိုင်း(၅) : တပြွတ်ပြွတ်ပေးဦး

4K 408 65
                                    

( Unicode )

[ မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ား ]

အပိုင်း(၅) : တပြွတ်ပြွတ်ပေးဦး

..................

" ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာပါလား "

ရိပေါ် တအံ့တသြနှင့် ညီဖြစ်သူ ဝမ်ဟောက်ရွှမ်းကို သွားစိကာ မေးမြန်းလိုက်သည်။

အိမ်က ပေးလိုက်တဲ့ အထုတ်တွေဆွဲပြီး ရောက်လာတဲ့ ဟောက်ရွှမ်း က အူလည်လည်လေး။

" နောင်တော် ရန်ဖြစ်ရင်း ဒဏ်ရာရာတယ်ဆိုလို့ သတင်းလာမေးတာ "

ဟောက်ရွှမ်း က သွားလေးဖြဲကာ ပြုံးစိစိ ဖြေသည်။

ရိပေါ် ရဲ့ အလှလေး အိမ်နဲ့ သူတို့ ကုန်သည်သူဌေးကြီး ဝမ်သခင်ကြီးတို့ အိမ်က အရမ်း အလှမ်းဝေးလွန်းသည်။

ဇာတ်ကြောင်းတွင် ...
အကြီးဆုံး သားဖြစ်တဲ့ မိမိကို အဖေက တောချိုချောင်ကြား မနေစေချင်ပါ။ သို့သော် မိုက်ရူးရဲဆန်လွန်းတဲ့ ဝမ်ရိပေါ် သည် ဖခင်စကားကို နားမထောင်ဘဲ ဇာတ်လိုက်နောက် ကောက်ကောက်ပါအောင် လိုက်သွားခဲ့တာ ဖြစ်သည်။

အေးပေါ့... ဝမ်ရိပေါ် ကလည်း သူ့ကိုမှ ပစ်ပစ်ခါခါ ဆက်ဆံနေတဲ့ အနှီလူသားကို ချစ်မိနေမှတော့... ။

ဝမ်ရိပေါ် မေမေကတော့ ပိုဆိုးတာပေါ့။ မိခင်ဆိုတဲ့ မိန်းမသားတစ်ယောက်ဖြစ်လင့်ကစား မျက်ရည်တွေကျတယ်။ ရိပေါ် လည်း ဝမ်းနည်းပေမဲ့ အချစ်အတွက် တိုက်ခိုက်ရဦးမယ်လေ။

မလိမ်မိုးမလိမ္မာ သားမိုက်ကလေးကို ခွင့်လွှတ် ပါ ဟူ၍ တိုးလျှိုးတောင်းပန်ခဲ့ရလေတော့သည်။

" နောင်တော် ... ရှောင်းကျန့်ကောက နောင်တော်ကို ရိုက်ပုတ်သေးလား ...
စကားများရင် လက်ပါတတ်လား၊ နောင်တော် အပေါ် ကြင်နာယုယရဲ့လား ၊ ကျွန်တော်ကို တစ်ခွန်းမကျန် ပြန်ပြောပါ နောင်တော် "

တယ်! တစ်လုံးချင်းမေးပါကွ။ ငါ့ထက်တောင် ပေါက်ပေါက်ဖောက်နိုင်လွန်းတယ်။

" မင်းမေးတာက တစ်ခုချင်းစီဆို တော်ပါသေးတယ်၊ အခုဟာက ကရားရေလွှတ် မေးနေမှတော့ အိမ်က အဖေ မေးခိုင်းလိုက်တာလား "

မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ားWhere stories live. Discover now