အပိုင်း(၁၁) : မင်းကို ငါပိုင်တယ်

3K 344 78
                                    

( Unicode )

[ မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ား ]

အပိုင်း(၁၁) :   မင်းကို ငါပိုင်တယ်

..................

" သား မင်းနဲ့ ဒီကောင်က ဘယ်လို ပက်သက်နေလဲ "

" ဟို... "

" ချစ်သူတွေပါ ယောက္ခထီး "

ဟောက်ရွှမ်း ဖြေရခက်နေတဲ့အချိန် ကျိရန်က ပိုင်စိုးပိုင်နင်း ဝင်ရောက် ဖြေဆိုသွားလေသည်။

ဟောက်ရွှမ်း မှာ မျက်လုံးပြူးသွားရသလို မျက်ခုံးတွေကလည်း တွန့်ခနဲ။

စုန့်ကျိရန်နဲ့ သူက ဘယ်တုန်းက ချစ်သူဖြစ်သွားတာလဲ။ ဟောက်ရွှမ်း ဒီလူကို နည်းနည်းလေးမှ ကြည့်မရပါ။ အသားကလည်း ဖြူစုတ်စုတ်နှင့် အရပ်ကလည်း ကလန်ကလား ရှည်နေသေး၏။

ရှောင်းကျန့်ကော သူငယ်ချင်း တွေက အကုန် အရှည်ကြီးတွေပဲ။ အရပ်ပြောပါတယ်။

ဟောက်ရွှမ်း မှာ ကျိရန် အဖြေကို သဘောမကျသဖြင့် ဖခင်ကို ဖြေရှင်းချက် ပေးဖို့ ခေါင်းမော့လိုက်ရာ သူ့အဖေ၏ မဲမှောင်နေတဲ့ မျက်နှာအိုကြီးကြောင့် လန့်သွားရသည်။

" ဝမ်ဟောက်ရွှမ်း ! ဒီ သူငယ် ပြောတာ အမှန်ပဲလား "

ဝမ်သခင်ကြီး လေသံက အေးစက်စက်နှင့် မာကျော နေ၏။

" မဟုတ်ပါဘူး အဖေ... သူလိမ်နေတာပါ ။ သား သူနဲ့ လုံးဝ မရင်းနှီးပါဘူး "

" အသဲအူလေးကလည်း ကိုကိုကို စိတ်ဆိုးပြေပါတော့နော် ၊ အသဲအူလေး မကြိုက်တာ နောက်တစ်ခါ ကိုကို မလုပ်တော့ပါဘူး။ ဒါကြောင့်လေ အသဲအူလေး ကိုကိုနဲ့ ပြန်အဆင်ပြေပေးပါလား "

ကျိရန် စကားသံများက တိတ်ဆိတ်နေတဲ့ အခန်းတွင်း ကျယ်လောင်စွာ ထွက်ပေါ်လာသလို ဝမ်သခင်ကြီး ဒေါသကလည်း ငယ်ထိပ်ဆောင့်တက်ကုန်တော့တယ်။

သားနှစ်ယောက် ရှိပါတယ်။ အကုန် လင်ယောကျ်ား တွေ ကိုယ်စီနှင့်။ ဝမ်သခင်ကြီးမှာ ချွေးမ မရဘဲ သားမက်တွေချည်း အဆစ်ပို ရနေတော့တယ်။ မိုးနတ်မင်းက သူ့အပေါ် မမျှတလိုက်တာ ဟူ၍ ခပ်ချဥ်ချဥ် တွေးနေရသည်။

မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ားWhere stories live. Discover now