( Unicode )
NoTe: NSFW Word and Smut.
[ မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ား ]
အပိုင်း(၈) : အလှလေးက ငါ့ကို ချစ်တယ်ပြောပြီး တစ်ဖက်လှည့်နဲ့ ထပ်စားသွားပြန်ပြီ
.................
" ယောကျ်ား ... ကျင်းဝူ မှာ မိန်းမရှိလား "
ကောက်ရိုးမျှင် ဖိနပ်ကလေး လုပ်နေတဲ့ ရှောင်းကျန့် မှာ ထို ပေါက်ကရ အမေးစကားများကို ဥပေက္ခာပြုထားလိုက်ပါတယ်။
အားအားရှိ ကျင်းဝူ အကြောင်းပဲ မေးနေတာ။ ရှောင်းကျန့် စိတ်ထဲ မနာလိုစိတ်တောင် ကိန်းအောင်းသွားသေးသည်။
တစ်ခါလာလည်း ကျင်းဝူ နှစ်ခါလာလည်း ကျင်းဝူ နဲ့ ဒီမြို့သားကတော့ ရှောင်းကျန့် စိတ်ကို တစ်နည်းတစ်ဖုံ ဆွနေတာပဲ။
" ကျန့်ကော... ယောကျ်ား ရေ ... ကျွန်တော်ကို အဖက်လုပ်ပါဦးလား "
ရိပေါ်မှာ သူ့စကားကို မကြားချင်ယောင်ဆောင်နေသော ရှောင်းကျန့် ကို စိတ်ခုသွားပါသည်။ ဘာလို့ စိတ်ခုလည်း မမေးနဲ့။ ရိပေါ် မှာ ကျောက်တုံးနဲ့ စကားပြောနေရသလို သူက အင်းမလုပ် အဲမလှုပ်နှင့်မို့ သူကိုယ်သူ အသံပိတ်ဂါထာများ ကျက်နေသလား အောက်မေ့ရတယ်။
" ကျန့်ကော ... "
သိပါတယ်... ခင်ဗျားကြီး ကျွန်တော်ကိုဆို အလိုမလိုက်ချင်ဘူးဆိုတာ သိသားပဲ "
" ရိပေါ် ကတ်သီးကတ်သတ် မပြောစမ်းနဲ့ "
" ဟော ... စိတ်မရှည်တဲ့အသံနဲ့ မပြောပါနဲ့ "
ချင်ချင်းပင် မျက်ရည်ဝဲ လာတဲ့ ရိပေါ်ကို ကြည့်ပြီး ရှောင်းကျန့် မှာ ထိုကလေး ဖင်ကို ခပ်နာနာလေး ရိုက်ပစ်လိုက်ချင်သည်။
ထင်ချင်ရာတွေ ထင်ပြီး ဇွတ်ပင် ရှောင်းကျန့် ကို လူယုတ်မာဇာတ်သွင်းနေတာ။ ပြဇာတ်တွေ အကြည့်များပြီး သူ့ရဲ့ ရှောင်းဝမ်အာ ကလေးက ဂေါက်ရောဂါ ကပ်စွဲသွားတာတော့ မဟုတ်လောက်ပါဘူးနော်။
" ကိုယ့် ယောကျ်ားက အလုပ်နဲ့ လက်ပြတ်တယ်လို့ မရှိတာကို မင်းက မကူညီဘဲ ဘေးကနေ အနှောင့်အယှက် တော်တော်ပေးတာပဲ "
ВЫ ЧИТАЕТЕ
မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ား
Фанфикшнဝတ္ထု တစ်ခုထဲ ပြန်လည်မွေးဖွားလာတဲ့အခါ အလှလေးက ငါ့ယောကျ်ား တဲ့။ သူ့ယောကျ်ား က အရမ်းလှတယ် ။ မြေရှင်ကြီး ရှောင်းကျန့် က အလှလေး XiaoZhan WangYiBo ZSWW
