အပိုင်း(၁၄) : ကြက်ခြံထဲမှာ အချစ်ဋီကာ

3.4K 311 79
                                    

( Unicode )

                              
   [ မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ား ]

အပိုင်း(၁၄) : ကြက်ခြံထဲမှာ အချစ်ဋီကာ

....................

ကိုယ့်ယောကျ်ားကို ငမ်းတာ ရာဇဝတ်မှု ကျူးလွန် တာတော့ မဟုတ်ဘူးမလား။

စေတနာဗလပွတွေနဲ့ ဖောဖောသီသီ အလှတရားတွေ ထုတ်ပြနေတဲ့ အလှလေး ကလေ ကြုံရမဲ့ အန္တရာယ်ကို သူမသိရှာလေဘူး။

အခုပဲကြည့်ဗျာ... အပေါ်ပိုင်း ဗလာကျင်းနှင့် အောက်မှာ ချည်ဖျင်ရှေးရိုးရာ ဘောင်းဘီ ခဲရောင်ကို ဝတ်ထားတော့ ဟာလာဟင်းလင်း  ရင်အုပ်ကြွက်သားတွေက ကိုက်လှည့်ပါ ဟူ၍ လျှာတသပ်သပ် ခေါ်နေသယောင်ပါပဲ။

ရိပေါ်မှာ တိုင်လုံးလေးကို ခေါင်းမှီရင်း ချစ်ယောကျ်ားလေးရဲ့ ရင်အုပ်ကြွက်သားများနှင့် အညိုရောင် အသားအရေပေါ်က ချယ်ရီပွင့်ဖက်လေးများကို မျက်တောင်မခတ်ဘဲ ငေးကြည့်နေမိတော့သည်။

ဗိုက်ထဲမှာ သန္ဓေသားလေး ရှိနေလို့သာ စိတ်ထိန်းနေရတာ။ နို့မဟုတ်ရင် အခုချက်ချင်းထပြီး အလှလေး လက်ကို ဆွဲပြီး အခန်းတံခါးပိတ်ကာ နွေဦးချစ်တေးသံလေးများကို ထုတ်လွှင့် ပြီးပြီရယ် ။

" ဟဲ့ ... သားရယ် ဘယ်လိုထိုင်နေတာလဲ။ ဇက်ကြောတက်ကုန်ပါမယ်။ မနေတတ်မထိုင်တတ် လိုက်တာ ငါနှယ့် ... "

မေမေက ရိပေါ် အနား ဆွေ့ခနဲ ထိုင်ချပြီး တိုင်လုံး မမှီဖို့ ဆူ၏။ မေမေ ရော ဖေဖေရောက သာမန်အရပ်သား ဝတ်စုံလေးနှင့်မို့ တစ်မျိုး ကြည့်ကောင်းလို့နေသည်။

သံပရာသီးနှပ်နေတဲ့ ရှောင်းကျန့် ကလည်း ထိုမြင်ကွင်းကို ပြုံးတဝင့်ဝင့် ကြည့်လိုက်တယ်။

ဟောက်ရွှမ်း ကတော့ ရယ်ကျဲကျဲနှင့် ကြက်ဖ နှင့် ကြက်မ ကို အစာကျွေးနေ၏။

တစ်မိသားစုလုံးကို တစ်နေရာတည်းမှာ တစ်စုတည်း တွေ့လိုက်ရသဖြင့် ရိပေါ် ပျော်ရွှင်မိသည်။

ဇာတ်ကြောင်းဟာ သူရောက်လာကတည်းက အနည်းငယ် မဟုတ်ဘူး အများကြီးကို ပြောင်းလဲသွားတာပဲ။

မြေပိုင်ရှင်အလှလေးက ငါ့ယောကျ်ားOnde histórias criam vida. Descubra agora