Part :1

3.9K 145 7
                                    

Unicode

"အစ်ကိုရှောင်ကျန့် အစ်ကိုရှောင်ကျန့် "

ရှောင်ကျန့်တစ်ယောက် အိမ်နောက်ဘက်မာ လှန်းထားတဲ့ အဝတ်ကိုသိမ်းနေရင်း ကလေးတွေရဲ့ အော်ခေါ်သံကြောင့် အိမ်ရှေ့ကနေ ပြေးလာခဲ့သည်။

"အစ်ကိုရှောင်ကျန့် "

"မင်းတို့က ဘာလို့အဲ့လောက်ထိ အော်နေကြတာလဲ?"

"အစ်ကိုရှောင်ကျန့် ရိပေါ်ကော့က လမ်းထိပ်နားမာ ရန်ဖြစ်နေတယ်"

"ဘာ "

ရှောင်ကျန့်မာ ကလေးတွေရဲ့ စကားကြောင့် လမ်းထိပ်ကို ပြေးသွားလိုက်သည်။ မောင်ဟာ
လေ ပြောစကားလည်း နားမထောင်ဘူး။

ရိပေါ်တော့ အဲ့ဒီနှာဘူးမကို အသေသတ်မှရမယ်
ဘယ်နှယ့် ကိုကို ကိုစာပေးဖို့ လုပ်နေတာ ပြီးတော့ သူ့ကိုပေးခိုင်းသေးတယ် ။ သူနဲ့ကိုကိုက
ချစ်နေကြတာကို သိသိရက်နဲ့လေ ငါ့ကိုကို ကိုလာ
နှာဘူးနေတာ ဒီနေ့မင်းဆံပင် ကုန်စေရမယ်

အားလေဆိုတဲ့ မိန်းကလေးကလည်း ရှောင်ကျန့်ကို တိတ်တစ်ခိုး ချစ်နေတာကြာပြီ

အစ်ကိုရှောင်ကျန့်က ရိပေါ်ကို ဂရုစိုက်တာတွေ မြင်တော့ သူမအားကျတယ် ၊ မနာလိုတယ်
အဲ့တာနဲ့ စာပေးဖို့ ရိပေါ်ကို ခိုင်းလိုက်တာ

သူမနဲ့ရိပေါ်က ရွယ်တူတွေလေ အခုတော့ သူမတို့ အသက်က ရိပေါ်လိုမျိုး ၁၇နှစ်

အစ်ကို ရှောင်ကျန့်ကတော့ ၂၀ပေါ့

အစ်ကိုရှောင်ကျန့်က သူတို့ထက် သုံးနှစ်ကြီးပေမယ့် အရမ်းနွေးထွေး သိတတ်လွန်းတာ

အဲ့တော့ သူမလည်း ချစ်တယ်အကြောင်း ပြောမလို့ကို ရိပေါ်က သူမဆံပင်ကို အရင်လာဆွဲတာလေ

သူမလည်း ပြန်ထိုးပေါ့

"ကိုကိုက ငါ့အပိုင် မင်းနှာဘူးထရမယ့် လူမဟုတ်ဘူး ကြားလား?"

"မသိဘူး ငါနိူင်ရင် အစ်ကိုရှောင်ကျန့်ကို ငါ့အိမ်ခေါ်ထားမယ် "

"လဲသေလိုက် ငါမင်းကို ကတုံးမ ဖြစ်အောင်လုပ်ပေးမယ် "

"ငါလည်း အလျှော့မပေးဘူး "

我们的家 (ငါတို့ရဲ့အိမ်) (Complete)Where stories live. Discover now