Unicode
မောင်ကသူ့အနားမာ နေပြီး သူ့ကိုဂရုစိုက်ပေးနေပေမယ့် ရှေ့ကအွန်ရှမ်းမီဆိုတဲ့ မိန်းက
လေး
နဲ့ စကားပြောရင်း ရီမောနေကြတာမို့ ရှောင်ကျန့် စိတ်ထဲအလိုလိုဝမ်းနည်းလာတယ်အွန်ရှမ်းမီဆိုတဲ့ မိန်းကလေးကို မောင်ကညီမလေးလို့ ပြောနေပေမယ့် ဘာလို့မောင့်ကို
အိုပချည်းပဲ ခေါ်နေရတာလဲ? မောင်ကရော ဘာလို့ မငြင်းခဲ့တာလဲ?"နာကျင်တယ် နာကျင်ရတယ် မလား ?"
"မောင်"
ရိပေါ်မာ ရှမ်းမီနဲ့သာ စကားပြောနေတာ သူ့မျက်လုံးနဲ့သူ့စိတ်တွေကတော့ မျက်နှာပျက်နေ
တဲ့ ကိုကိုဆီမာပဲ ရှိနေခဲ့တယ် ။ ငိုတော့မယ့်ရုပ်နဲ့ ကိုကိုက တကယ်ကို ငိုချင်နေတာကို ထိန်းထားသည့်ပုံ.....ရုတ်တရက် သူ့နားကိုကပ်ကာ သန့်စင်ခန်းသွားမယ်လို့ ဆိုလာတာမို့ ရိပေါ်သက်ပြင်းချကာ ခေါင်းညိတ်လိုက်ပြီး ကိုကိုနောက်ကို လိုက်သွားခဲ့သည်။ သူထင်တဲ့ အတိုင်းပဲ ကိုကိုက ငိုနေတယ်....
"ကိုကို တောင်းပန်ပါတယ် မောင် ကိုကိုအမှားအတွက် ကိုကိုတောင်းပန်ပါတယ်😭"
ရိပေါ် သက်ပြင်းချကာ ငိုနေသော ကိုကို ကိုဆွဲဖက်လိုက်သည်။
"မငိုပါနဲ့ မောင်ရဲ့ကိုကို အများကြီးပင်ပန်းသွားပြီ မငိုပါနဲ့တော့နော် "
"မောင် ကိုကို ကိုထားခဲ့မလားဟင် "
"ဘာလို့လဲ ကိုကိုမာ မောင်မသိပဲခိုးလုပ်ထားတာ ရြှိပန်ပြီလား?"
"ဟင့်အင့် ဟင့်အင့်😭"
သူ့ရင်ခွင်ထဲမာပဲ ခေါင်းကိုအတင်းခါနေသော ကိုကိုကြောင့် ရိပေါ်ပြုံးနေမိတယ်
"ကိုကို မောင့်ကိုကြည့် မငိုပါနဲ့တော့ကွာ မောင်ကလေ ဘယ်သောအခါမှ ကိုကို ကိုထားသွားခြင်းမရှိဘူး နှုတ်အရပြောမိတယ်ဆို
ရင်တောင် အဲ့တာကလည်း ကိုကိုပျော်ဖို့အတွက်ပဲ....အရင်ကရော အခုရော နှောင်လည်း
မောင့်စိတ်က အမြဲကိုကို့ဆီမာပဲ မောင်နဲ့ရှမ်းမီကို အထင်မလွဲပါနဲ့ ရှမ်းမီက မောင့်ကိုဖွင့်ပြောတာမှန်ပေမယ့် မောင့်ဘက်ကညီမလေးလို သူငယ်ချင်းလိုပဲ နောက်ပြီး မောင့်မာ ဟောဒီကိုကိုအရူးလေး ရှိနေတယ်လေ မငိုပါနဲ့ကွာ "
VOCÊ ESTÁ LENDO
我们的家 (ငါတို့ရဲ့အိမ်) (Complete)
Fanficကိုကို မောင်တို့ အနာဂတ်အိမ်လေးကို အတူတူတည်ဆောက်ကြမယ်နော် (YiZhan )