Unicode
"မောင် "
ရှောင်ကျန့်အမြင်မှားတာလား တကယ်ပဲ မောင်ပြန်လာခဲ့တာလား ? သူမောင်ကို မျက်တောင်မခတ်တန်းကြည့်နေမိတယ်
...တကယ်ပဲ မောင်လား? မောင်က သူ့ဆီပြန်လာ တာလား?မောင်က သူ့ကို မတွေ့သေးပေမယ့် ရှောင်ကျန့်မာ ပျော်လွန်းလို့ မျက်ရည်ပါကျကုန်ပြီ...😥
"မောင် "
သူပျော်ရွှင်စွာ မောင်လို့ ထပ်ခေါ်လိုက်တော့ ဒီတစ်ခါ မောင်က သူ့ဘက်ကြည့်လာတယ်။ မောင့်ကိုပြုံးပြပြီး မောင့်ဆီသွားမယ်အလုပ် ကြားရတဲ့ မောင်အသံကြောင့် ရှောင်ကျန့်ခြေလှမ်းတွေ ချက်ချင်းကြီး ရပ်လိုက်တယ်
မောင်ကပြောတယ် "အစည်အဝေးခန်းထဲ သွားမယ်"တဲ့ ဒီစကားကိုတော့ မောင့်အနားက အတွင်းရေးမှူးဘက်ကို လည့်ပြီးတော့ပေါ့။
ပြီးတော့ မောင်က သူ့ဘက်လည့်လာပြီး မျက်နှာပျက်သွားကိုလည်း မြင်ဖြစ်အောင် မြင်
လိုက်သေးတာမို့ ဆစ်ကနဲနာကျင်နေတဲ့ နှလုံးသားကြောင့် ရှောင်ကျန့်ရင်ဘတ်ကို
ပြန်ဖိလိုက်ရသည်။ ကြည့်ရတာ မောင်က သူ့ကို စိတ်ဆိုးနေတုန်းပဲ ထင်တယ်😊စိတ်ဆိုးပါ ကိုကို့ ကိုမောင်ကြိုက်သလောက် စိတ်ဆိုးပါ ကိုကိုပြန်ချော့မာမို့ ကိုကို့ ကိုစိတ်နာမသွားနဲ့နော်.... 🙄
"ဟေ့ ရှောင်ကျန့် မင်းCEOနဲ့ သိတာလား"
CEOကို မောင်လို့ ခေါ်တဲ့ရှောင်ကျန့်ကြောင့် ကျိုးချန်က မေးလိုက်တာ
"ကဲ့ နောက်မှပြောတော့ လာအစည်းအဝေးခန်းထဲ သွားရအောင်"
ကျိုးချန်ကို ခေါင်းညိတ်ပြကာ ရှောင်ကျန့်တို့ အစည်းအဝေးခန်းထဲကို ပြေးသွားရသည်။
အစည်းအဝေးခန်းထဲ ရောက်တာနဲ့ CEOနေရာမာ စမတ်ကျကျနဲ့ ထိုင်နေသော မောင်ကို တွေ့ပြန်တော့ ရှောင်ကျန့်ရင်ခုန်သံတွေ မြန်လာလျက်~~~
မောင်က ဘယ်လိုလုပ် CEOနေရာမာ ဖြစ်သွားတာလဲဆိုတာ ရှောင်ကျန့် စဉ်းစားမနေတော့ပဲ အရှိန်အဝါအပြည့်နဲ့ ထိုင်နေတဲ့ မောင်ကို
သူခိုးခိုးပြီး ကြည့်နေလိုက်သည်။
YOU ARE READING
我们的家 (ငါတို့ရဲ့အိမ်) (Complete)
Fanfictionကိုကို မောင်တို့ အနာဂတ်အိမ်လေးကို အတူတူတည်ဆောက်ကြမယ်နော် (YiZhan )