Unicode
မောင်က သူ့ကြောင့် နာကျင်နေရသလို မောင်က သူ့ကြောင့် ငိုခဲ့ရတယ် 😭သူ့ကြောင့် မောင်
က စိတ်ပင်ပန်းလည်း ခံရပြီးပြီ အခုလည်းသူ့ကြောင့် သူ့ကြောင့် အခုမောင်ခံစားနေရပြန်ပြီမို့ ဒါတွေအားလုံးက သူ့ကြောင့်ဆိုတာ သိသိကြီးနဲ့ မောင့်ကို စွန့်လွှတ်ဖို့ ရှောင်ကျန့်ခံနိူင်ရည် မရှိဘူးးးးးးတစ်ကိုယ်ကောင်းဆန်တယ်လို့ပဲ ပြောပြော မောင်နဲ့သူစိမ်းတစ်ယောက်လို ဆက်နေရမယ့်အစား ရှောင်ကျန့် ကိုယ့်ကိုယ်ကို အပြစ်ပြန်ပေးတဲ့ အနေနဲ့ သေလမ်းကိုပဲ ရွေးချင်တော့သည်။
မောင်ရဲ့ဥပေက္ခာခံရတိုင်း သူ့ရင်ထဲမာ ဘယ်လောက်ထိ နာကျင်သလဲဆိုတာ သူကိုယ်တိုင် အသိပဲမို့ သူသွားမယ့် လမ်းက ဆက်ပြီးတော့ နာကျင်နေရမယ်ဆိုရင်တောင် ရှောင်ကျန့် ဒီလမ်းကိုပဲ ရွေးချယ်ချင်တော့တယ်
မောင်ရဲ့ခုံပေါ်မာ ရှိနေသော အနီရောင်ကတ်ကြေးလေးကို သွားယူမလို့လုပ်သေး အချိန်မထိန်းနိူင်ပဲ ခုံရဲ့ထောင်ချွန်လေးကို သွားတိုက်မိသော ရှောင်ကျန့်ကြောင့် နဖူးပေါက်ပြီး နောက်ကို ပြန်လှဲကျသွားတယ်
"ဒုန်း"
ဒုန်းဆိုတဲ့ အသံကြားတာနဲ့ ရိပေါ်နောက်ကို လည့်ကြည့်လိုက်တော့ သွေးတွေနဲ့ လဲကျနေသောကိုကို
"ကိုကို "
ရိပေါ်မာ ရုတ်တရက်ဆန်လွန်းတဲ့ အဖြစ်အ
ပျက်ကြောင့် အရမ်းလန့်နေခဲ့တယ်"ကိုကို ကိုကို သတိထားဦး ".
ရှောင်ကျန့်တော့ သွေးဆင်းနေတာတောင် မောင်ရဲ့ ကိုကိုဆိုတဲ့ စကားကြောင့် သူပြုံးမိလိုက်တယ်
နဂိုကတည်းက အားနည်းနေပြီးသော ရှောင်ကျန့်က ရှိသမျှအားနဲ့ ပြေးကာတိုက်မိတာမို့ အနောက်ကို ချက်ချင်းကြီး ပြန်လှဲသွားတယ်
"မောင် ကိုကို လို့ခေါ်တယ် "
သွေးတွေက အတော်ထွက်နေတာမို့ ရိပေါ်သူ့အပေါ်ကုတ်ကို ချွတ်ပြီး ဖိထားတာတောင် မတိတ်ပဲ ကျနေသေးဘူး
"မောင် ကိုကို ကိုခွင့်လွှတ်ပြီလား"
"ဒီအချိန် ဒါပြောရမယ့်အချိန်လား ?"
ESTÁS LEYENDO
我们的家 (ငါတို့ရဲ့အိမ်) (Complete)
Fanficကိုကို မောင်တို့ အနာဂတ်အိမ်လေးကို အတူတူတည်ဆောက်ကြမယ်နော် (YiZhan )