Part :19

800 61 17
                                    

Unicode

ပြီးသွားပြီဆိုပေမယ့် ရင်ထဲက ဒဏ်ရာတွေကတော့ အခုထိနာကျင်နေသေးသလို မင်းနဲ့စခဲ့တဲ့ နှလုံးသားလေးကလည်း အခုထိခုန်နေတုန်းပဲ....

ရိပေါ် တရုတ်ကို ပြန်လာပြီးတဲ့ နှစ်ပတ်ကျော်အတွင်းမာ ရှောင်ကျန့်က မနက်ခင်းချိုင့်လေး လာပို့တတ်ပြီး ညဘက်ဆိုလည်း ဝမ်ရိပေါ်ပြန်လာပြီးမှ သူပြန်တတ်သည်။

မောင်က အခုထိ သူ့ကိုစိတ်ဆိုးနေတုန်းမို့ ရှောင်ကျန့် ဘယ်လိုပဲ ချော့နိူင်တယ်လို့ ပြောပါစေ မောင့်ဆီမာ ပလစ်ခံရတိုင်း သူ့ရင်ထဲမာတော့ အရမ်းဝမ်းနည်းမိတယ်

သူသာ အစကတည်းက မမှားခဲ့ရင် သူသာစိတ်ရဲ့အလိုလိုက်မှု့ကို မလိုက်လျော့ခဲ့ရင်...
သူသာဇီအပေါ် စိတ်မရှိခဲ့ရင် သူသာမောင့်အပေါ်မာ မရက်စက်မိခဲ့ရင် အခုအချိန်မာ မောင်နဲ့ အတူ ငါတို့ရဲ့အိမ်လေးထဲမာ ပျော်ပြီးနေရောပေါ့.....

မောင်သိလား ကိုကိုလုပ်ရပ်အတွက် ကိုကို ဘယ်လောက်ထိ နောင်တရသလဲဆိုတာကို

ကိုကိုတောင်းပန်ပါတယ်မောင် မောင့်အချစ်ကို
အရေးမထားသလို ဖြစ်ခဲ့မိလို့ ကိုကိုတောင်းပန်ပါတယ် မောင့်အပေါ်ကို ရက်စက်ခဲ့မိလို့ တောင်းပန်စကားပဲ ပြောနိူင်ပေမယ့် ကိုကိုတကယ်စိတ်ရင်းနဲ့ တောင်းပန်ပါတယ်..😭

ဒါပေမယ့်လေ မောင်မရှိတဲ့ နှစ်အတွင်းမာ ကိုကိုလည်း မပျော်ခဲ့ရဘူးဆိုတာ မောင့်ကိုသိစေချင်တယ်

"ကဲ့ တော်တော့ ရှောင်ကျန့် မင်းအရမ်းမူးနေပြီ"

"ငါမမူးဘူး ကျိုးချန် မောင်ကလေ မောင်ကလေ အခုငါ့ကို မချစ်တော့ဘူး"

"မင်းလာကတည်းက ဒီစကားပြောနေတာ တော်တော့"

"မင်းသိလား ငါလေ...ငါလေ မောင့်ကို အရမ်းချစ်တာ ဒါပေမယ့် ငါကြောင့် မောင်နာကျင်နေရပြီ ငါမကောင်းဘူးမလား ဟားးးးအီးးး😭ကျိုးချန် ငါမောင်ကို အရမ်းလွမ်းနေပြီ"

"တော်တော့ ရှောင်ကျန့် ငါမင်းကိုအခန်းလိုက်ပို့ပေးမယ် "

ပြောလိုက် ရီလိုက် ငိုလိုက်လုပ်နေတဲ့ ရှောင်ကျန့်ကို ကျိုးချန် ကြည့်ပြီး ခေါင်းခါနေတော့သည်။ မောင်အကြောင်းချည်းပဲ ငိုကာပြော
နေတဲ့ ရှောင်ကျန့်က တကယ်လည်း နာကျင်နေတဲ့ပုံ

我们的家 (ငါတို့ရဲ့အိမ်) (Complete)Donde viven las historias. Descúbrelo ahora