Part :6

725 67 1
                                    

Unicode

မောင်ရှန်ဟိုင်းမာ ကျောင်းသွားတက်ပြီးကတည်းက ‌အိမ်မာကျန်ခဲ့တဲ့ ရှောင်ကျန့်ဟာ ထမင်းကို ဖြစ်သလိုစားခဲ့တယ် ။ အရင်လို အသားငါးတွေလည်း သိပ်မဝယ်ဖြစ်တော့ဘူး
သူစိုက်ခဲ့တဲ့ အသီးအရွက်ကိုပဲ ပြန်စားခဲ့တယ်

အသားငါးဝယ်ဖို့ ပိုက်ဆံကို မောင့်ဆီသွားဖို့ လေယာဉ်လက်မှတ်အဖြစ် သူစုထားတယ်

မောင်မရှိတော့ ထမင်းလည်းစားချင်စိတ်သိပ်မရှိသလို ညအိပ်ယာဝင်တိုင်းလည်း မောင်ရင်ခွင်ထဲ မဟုတ်လို့ အိပ်တစ်ဝက်နိူးတစ်ဝက်ဖြစ်နေခဲ့ရတယ်

ကိုကို ကိုယ်တိုင်မောင့်ကို အဝေးပို့ပေမယ့် အခု
ကိုကို မောင်ကို အရမ်းလွမ်းနေပြန်ပြီ ကိုကိုအရမ်းဆိုးတယ်မလား ?😊

လွမ်းတယ်မောင် အမြဲအတူရှိနေတာမို့ မောင်မရှိတဲ့ ကိုကိုအနားမာ ခြောက်ကပ်ကပ်နိူင်လွန်းပြီး တိတ်ဆိတ်နေလွန်းတယ်

ဒါတွေကို သူမောင်ကိုတော့ မပြောဖြစ် မောင်က
သူ့ကို အရမ်းစိတ်ပူတတ်တာ ၊ရှောင်ကျန့်ရဲ့မောင်က ရှောင်ကျန့်ကိုအရမ်းချစ်နေတာ အဟိ

မောင်အကြောင်းတွေးပြီး ကိုယ့်ဘာသာ သဘောတကျနဲ့ ပြန်ရီနေတဲ့ရှောင်ကျန့်က လုဇီခေါ်နေတာကို မကြားးးး

‌လုဇီတော့ ရှေ့ကရှောင်ကျန့်ကို ကြည့်ပြီး သက်ပြင်းချနေလိုက်သည်။

"ရှောင်ကျန့် ! "

"အမလေး မောင်ကကိုကိုအသက်ကလေး "

လုဇီတော့ လန့်ပြီးတနေတဲ့ ရှောင်ကျန့်စကားကြောင့် မျက်စောင်းထိုးနေလိုက်၏

"လန့်လိုက်တာ လုဇီရာ လှလည်းမလှပဲနဲ့ ပါးစပ်ပြဲပြီးအော်နေတာ "

"ဟဲ့ ငါခေါ်တာရော နင်ကြားရဲ့လား နင့်ဘာသာ အတွေးလွန်နေပြီးတော့ တစ်
ယောက်တည်းအရူးဖြစ်နေတာကိုလည်း ထည့်ပြောဦး "

"ဒါတွေကို မင်းနားမလည်ပါဘူးကွာ"

သက်ပြင်းချပြီး လွမ်းဆွေးဆွေးနဲ့ ပြောလာတဲ့ ရှောင်ကျန့်ကို လုဇီရိုက်ပစ်လိုက်ချင်တာ ။ ဒါက သူ့ကို တစ်ယောက်တည်းဆိုပြီး နှိမ်နေတာနဲ့ အတူတူပဲမဟုတ်လား

我们的家 (ငါတို့ရဲ့အိမ်) (Complete)Where stories live. Discover now