Unicode
"မောင် ဒီညရေမချိုးနဲ့တော့ အရမ်းအေးတယ်"
ရှောင်ကျန့် သူ့မောင်ရဲ့ လွယ်အိတ်ကို ချိတ်ပေးရင်း ဆိုလိုက်တာ
"ဟုတ် ကိုကို ရော့ ရေနွေးလေးသောက်ပါဦး အေးနေတယ်မလား နောက်နေ့ကျရင် မောင့်ကိုထွက်မစောင့်နဲ့တော့နော် ဒီလိုအေးနေရင် ကိုကိုနေမကောင်း ဖြစ်မာပေါ့ "
မောင်ပေးလာသော ရေနွေးခွက်လေးကို ယူပြီး တစ်ဝက်သောက်ကာ ကျန်တစ်ဝက်က မောင့်ကို သောက်စေလိုက်သည်။ မောင်လည်းအေးနေတယ်လေ😍
အေးအတူပူအမျှလေးပေါ့ 💚❤️ မောင်ဆီရောက်လာတော့ ရှောင်ကျန့်က အိမ်ကိုတောင် မေ့ထားသလိုဖြစ်ရပါတယ်
မောင်ရှိတဲ့ နေရာတိုင်းမာ သူ့အချစ်လေးရှိနေပြီး မောင်နေတဲ့နေရာတိုင်းမာတင် သူ့ရဲ့အိမ်ဖြစ်ရပါတယ် ။အဲ့လိုပြောလိုက်လို့ ရွာကအိမ်ကို တန်ဖိုးမထားတာတော့ မဟုတ်ဘူးနော် ။ အဲ့အိမ်တန်ဖိုးနဲ့ မောင့်ရဲ့အိမ်တန်ဖိုးက တန်ဖိုးချင်း မတူရုံပါ။ နှစ်အိမ်လုံးအတွက် သူ့အတွက်အရေးပါပါတယ်။
ရှောင်ကျန့် လာနေတဲ့ရက်အတွင်းမာ ဝမ်ရိပေါ်က မနက်ဆို ရှောင်ကျန့်နိူးမှ ထတတ်တယ်။ ထမင်းစားနေချိန်လည်း ရှောင်ကျန့်ခွံပေးမှ စားတယ်။
အခုလည်းကြည့် စာကြည့်နေတာတောင် ရှောင်ကျန့်ပေါင်ကို ခေါင်းအုံ့လုပ်ပြီး စာကြည့်နေသတဲ့...။
"မောင် "
"ဟုတ် ကိုကို "
"ကိုကိုပြန်ရင် ကိုယ့်ကိုယ်ကို ဂရုစိုက်ရမယ်နော် မနက်ခင်း ကိုကိုဖုန်းဆက်ပြီး ခေါ်နိူးမယ်
ကိုကိုမရှိဘူးဆိုပြီး ထမင်းကိုဖြစ်သလို စားလို့မရဘူး "ကိုကိုစကားကြားတော့ ကိုကိုနဲ့ပြန်ခွဲရမယ်ဆိုတဲ့အသိက သူ့ကိုမျက်ရည်ကျစေတယ်
ရိပေါ်တကယ်ကိုကိုနဲ့ခွဲပြီး မနေချင်တော့ဘူး ။LDRSအဖြစ်နဲ့ နောက်ထပ်မဖြတ်သန်းချင်တော့ဘူး။ရိပေါ် ဘယ်လိုလုပ်ရမလဲ ?
"မောင် ကိုကိုပြောတာကြားလား ?"
"ဟုတ် ကိုကို "
CZYTASZ
我们的家 (ငါတို့ရဲ့အိမ်) (Complete)
Fanfictionကိုကို မောင်တို့ အနာဂတ်အိမ်လေးကို အတူတူတည်ဆောက်ကြမယ်နော် (YiZhan )