Part :30

1.1K 63 5
                                    

Unicode

ဟန်းနီးမွန်းကို ငါတို့အိမ်လေးကိုပဲ ပြန်နေမယ်လို့
ဆိုသော ကိုကိုကြောင့် အခုသူတို့နှစ်ယောက် အိမ်လေးကို ပြန်လာခဲ့ကြသည်။

လက်ထပ်ပြီးလို့ ရလာတဲ့ မဂ်လာလက်ဖွဲ့ကို လိုအပ်နေသော မိဘမဲ့ကျောင်းမာ အလှူသွားလုပ်ပြီး ရှောင်ကျန့်မောင်ဖို့ဆိုပြီး စုထားတဲ့ပိုက်ဆံကို အခုမောင်က သူ့ထက်တောင် ပြည့်
စုံ
နေပြီမို့ သူစုထားတာရော မောင်ဆီမာရော နှစ်ယောက်စလုံးက ရွာထဲက လမ်းကိုပြုပြင်ဖို့ လှူထားလိုက်တယ်။

ရွာထဲက ခက်ခဲနေသော လူတစ်ချို့ကို ကူညီရင်း
သူတို့ရဲ့ ပြုံးပျော်နေတာကို ကြည့်ပြီး ရှောင်ကျန့်မာ ပီတိအဖြာဖြာ

"ကိုကို ဘာတွေတွေးပြီး ပြုံးနေတာလဲ?"

ရှောင်ကျန့် လသာဆောင်မာ ရွာထဲက လူတွေရဲ့ ရယ်မောနေကြတာ ကြည့်ပြီး မောင်ကအနောက်ကနေ သိုင်းဖက်ကာ အမေးစကားဆို
လာတာကြောင့် ရှောင်ကျန့်သူ့ခါးပေါ်က မောင်လက်ကို ဆုပ်ကိုင်ပြီး သူပြုံးရတဲ့ အ
ကြောင်းရင်းကို မောင့်ကိုပြောပြလိုက်တော့

မောင်က ပြောလာပြန်တယ် နောက်လည်း မောင်တို့ ကုသိုလ်များများလုပ်ပြီး မောင်တို့ကြည်နူးနေရသလို မောင်တို့အနားက လူကလည်း စိတ်ချမ်းသာစေရမယ်တဲ့လေ....

ရှောင်ကျန့် မောင့်ကိုပိုင်ဆိုင်ခွင့် ရခဲ့တာ မဟာကံကောင်းမှု့ကြီးပဲ

မောင်ကပြောသေးတယ် မောင်က ဒီရွာထဲမာ companyထောင်ရင် ကောင်းမလားတဲ့

သူတို့အိမ်လေးထဲမာ အမြဲနေရသလို အလုပ်လုပ်ဖို့ အဝေးကြီးမသွားရတော့ဘူးတဲ့လေ

ဒီအကြံကို ရှောင်ကျန့်ကြိုက်ပေမယ့် ဝမ်ပါးမားနဲ့ တိုင်ပင်စေချင်သေးတယ်

မောင်က ဒီမာလုပ်နေရင် ဝမ်ပါးက တစ်
ယောက်တည်းကျန်ခဲ့မာပေါ့ အားနာစရာကြီးလေ

"ကိုကို မောင်ပါးတို့နဲ့ တိုင်ပင်ပြီးမှ လုပ်မာလေ ဘာတွေအဲ့လောက်ထိ စိတ်ပူနေတာလဲဗျာ"

"အင်း ပူတာပေါ့ မောင်ကဒီမာလုပ်နေရင် ပါးကတစ်ယောက်တည်း ကျန်ခဲ့မာကို"

我们的家 (ငါတို့ရဲ့အိမ်) (Complete)Tahanan ng mga kuwento. Tumuklas ngayon