Part :3

864 77 6
                                    

Unicode

နွေရာသီကျောင်းပိတ်ရက်မာ ရိပေါ်က စာပြန်နွေးလိုက် သူ့ကိုကို ကိုကူလိုက် ဟင်းသီးဟင်းရွက်တွေ လိုက်ရောင်းလိုက်နဲ့ အချိန်တွေက တစ်လပြီးသွားခဲ့ပြီ

အခုလည်း သူတို့စုထားတဲ့ ပိုက်ဆံလည်း အများမဟုတ်ပေမယ့် အရင်ထက်တော့ ရှိလာပြီထင်တယ်။ကျောင်းဖွင့်တုန်းကဆို စာအုပ်ဖိုးနဲ့ကိုကိုပေးတဲ့ မုန့်‌ဖိုးတွေက စုဗူးထဲမထည့်ရဘူးလေ

အခုလို ကျောင်းပိတ်တော့ သူတို့ဘာမှသိပ်မသုံးဖြစ်

အရင်က ကိုကိုတစ်ယောက်တည်းမို့ တစ်ရက်ကိုယွမ်၂၀၀/၃၀၀လို့ ရောင်းရပေမယ့် အခုသူပါ လာကူတော့ အနည်းဆုံး ယွမ် ငါးရာ ရတယ်။

မနက်ထမင်းစားပြီးဆို အပင်တွေစိုက်ပြီး နေ့လယ်စာ ထမင်းစားပြီးချိန်ဆို အသီးအရွက်တွေ သိမ်းတယ် ညနေခင်းရောက်တော့
ထုံးစံအတိုင်း ညဈေးမာ သွားရောင်းခဲ့တယ်။

သဝန်တိုတတ်လွန်းသော ကိုကိုကြောင့် အခုတော့ သူပါ Maskတပ်နေရပြီ။

ကိုကိုက စိတ်ဆိုးရင် Maskချွတ်ကာ နှုတ်ခမ်းစူရင်း မတရားချစ်ဖို့ကောင်းနေတာမို့ သူပါတပ်ပေးလိုက်တာ။

အခုတော့ ဈေးထဲမာ အချစ်စမ်းနေကြတဲ့ စုံတွဲဆိုပြီး စနေကြသည်။

ကိုကိုက ရှက်နေပေမယ့် သူတော့ အရမ်းသဘောကျတယ် ။ အဲ့တာမှ လူတွေက ကိုကို့မာ သူရှိတယ်ဆိုတာ သိမာလေ

" လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်လေး လာပြီဗျို့ "

သူတို့ ပစ္စည်းတွေ ချပြီးတော့ ရိပေါ်က လှမ်းအော်တာနဲ့ မိန်းမပျိုနှာဘူးမတွေက အရင်ဆုံးလာခဲ့တယ် ။

"မောင်လေး ဒီကန်စွန်းရွက် ဘယ်လိုရောင်းလဲ ဟင်းနုနွယ်ရော ၊မုန်ညှင်းရော "? စသဖြင့် အများကြီး မေးလာတာမို့ ရိပေါ်ကတော့ နှာဘူးဖောက်သည်မလေးကို ထုပစ်ချင်ပြီလေ
သူက စကားအများကြီး ပြောရမာမို့ တစ်ခါ တည်း ဈေးပါရေးပေးခဲ့တာကို

မျက်စိကန်းနေတာလားမသိ ဟွန့် ပိုက်ဆံကြောင့်သာ သူသည်းခံနေခဲ့တာ မဟုတ်ရင် ခြင်းနဲ့ပစ်ပေါက်လိုက်ပြီ🙄

我们的家 (ငါတို့ရဲ့အိမ်) (Complete)Where stories live. Discover now