Part :15

846 63 20
                                    

Unicode

မောင်ပြန်လာမာပါ ဆိုတဲ့အသိနဲ့ မောင်ထွက်သွားတာကို လိုက်မသွားတဲ့ ရှောင်ကျန့်က ညဉ့်နက်အထိ မောင်ပြန်မလာခဲ့တာမို့ သူစိတ်ပူရပါတယ်

ကိုကိုတောင်းပန်ပါတယ် မောင် ကိုကိုစိတ်မထိန်းနိူင်ခဲ့တာ မှန်ပေမယ့်

ဒီအနမ်းက မတော်တဆပါ ၊ နောက်ပြီး ကိုကိုဒီလိုစိတ်ရှိတယ် ဆိုတာ ဇီသိမာ မဟုတ်သေးဘူး (ကာကွယ်ပေးသေးတယ်နော် ရှင်က😏)

ပြန်လာပါတော့ မောင် အရမ်းမှောင်နေပြီလေ အမှောင် သိပ်ကြောက်တတ်တဲ့ မောင်က ဘာလို့အပြင်မာ အကြာကြီး နေရတာလဲ??

စိတ်ပူတယ်ပြောပြီး အိမ်ထဲကနေ အိမ်ပြင်တောင် မထွက်တဲ့ ရှောင်ကျန့်က သူ့လုပ်ရပ်အတွက် နောင်တရလားဆိုတာ သူက်ိုယ်တိုင်ပဲ သိလိမ့်မယ်

အရမ်းအေးနေပြီး သူအိမ်ထဲမာ ထိုင်ငိုနေတဲ့ အချိန်မာ တစ်ဖက်က ရိပေါ်ကတော့ ဆေးရုံမာ ဆေးပိုက်တွေနဲ့ ချိတ်နေရတယ်

ဆရာဝန်က အရမ်းစိတ်မပူရဘူးလို့ ပြောပေမယ့်
အခုထိ သတိမရသေးသော ရိပေါ်ကြောင့် ဟောက်ရွှမ်း စိတ်မသက်သာလှ....

ငါ့သူငယ်ချင်းလေး ဘာလို့အခုလို ပေါ့တန်တန်အချစ်မျိုးနဲ့ ကြုံတွေ့နေရတာလဲ??

ငါမင်းအတွက် စိတ်မကောင်းလွန်းလို့ ဘယ်လိုလုပ်ပေးရမလဲ ရိပေါ်ရာ....

ဟောက်ရွှမ်းလည်း တစ်ညလုံး အိပ်မရသေးတာမို့ ငိုက်ချင်သလိုနဲ့ အခန်းထဲမာ ဝေ့ပတ်ပြီး ကော်ဖီသောက်ဖို့ လုပ်လိုက်တယ်

ဒီအချိန် ငိုက်တယ်ဆိုပေမယ့် သူမအိပ်ရဲဘူး

ရိပေါ် သတိရလို့ သူမသိရင် ရိပေါ်ထပ်ငိုနေမာ သူသိပ်ကြောက်တာ

ငါတို့က ဒီနှစ်ထဲမှ စခင်တဲ့ သူငယ်ချင်းဆိုပေမယ့် ငါမင်းဘက်မာ အမြဲရှိတယ်

သူကော်ဖီသောက်လို့ ပြီးတာနဲ့ မျက်လုံးဖွင့်လာတဲ့ ရိပေါ်

"ရိပေါ် မင်းသတိရပြီလား ဘယ်လိုနေသေးလဲ မင်းဘယ်နားနေသေးလဲ ငါ့ကိုပြော ခနငါဆရာဝန်သွားခေါ်ပေးမယ်"

သူ့ကို စိုးရိမ်တစိတ်နဲ့ စိတ်ပူပေးလာသော ဟောက်ရွှမ်းကြောင့် ရိပေါ်ရင်ထဲနွေးထွေးပြီး ပြုံးလာရပါတယ်

我们的家 (ငါတို့ရဲ့အိမ်) (Complete)حيث تعيش القصص. اكتشف الآن