Unicode
မနေ့ကတည်းက မျက်နှာမလန်းသလို တမိုင်မိုင်နဲ့ ဖြစ်နေသော ကိုကို ကိုရိပေါ်အားမရ
သူမကြိုက်တာက ကိုကိုသူ့အပေါ် မပွင့်လင့်ဘူးဆိုတဲ့ အချက်ပဲ
သူဘယ်လိုပဲမေးမေး ခေါင်းခါပြပြီး ရင်ခွင်ထဲတိုးဝင်နေတဲ့ ကိုကိုက သူမသိတာတစ်ခုခုများ လုပ်ပြန်ပြီလား?
"မောင်"
အတွေးတွေများနေတာနဲ့ ရုတ်တရက် လှုပ်ရှားလာကာ သူ့ကိုခေါ်လာတဲ့ ကိုကိုကြောင့် ရိပေါ်ပြုံးရပြန်တယ်။ မပြုံးပဲနေမလား ကိုကိုက မျက်လုံးပိတ်ပြီး လက်ကတော့ သူ့ကိုရှိမရှိစမ်းရင်း လုပ်နေတာလေ
"မောင် ကိုကိုခေါ်နေတယ်လေ "
"အွန်း"
ဒီတစ်ခါတော့ အိပ်ချင်မူးတူးနဲ့ အလိုမကျဟန်
မျက်လုံးအနည်းငယ် ဖွင့်လာပြီး သူမထူးလို့ နှုတ်ခမ်းစူထားတဲ့ ကိုကိုက တကယ့်သုံးနှစ်သားလေး ပြန်ဖြစ်တာ"နိူးနေပြီဆို ထတော့လေ မနက်စာစားကြမယ်"
"မောင်ချီ "
မရတော့ဘူး စောစောစီးစီး ကိုကိုက သူ့ကိုနှလုံးရပ်စေချင်တာလား? လက်နှစ်ဖက် ဆန့်လာပေးသော ကိုကို ကိုရိပေါ်ဆွဲလှဲကာ သူကိုယ်တိုင်တော့ အပေါ်ကနေ အုပ်မိုးလိုက်တယ်
"မော မောင်"
အရမ်းလန့်သွားတယ်ထင် စကားတောင်ထစ်နေတဲ့ ကိုကို ကိုရိပေါ်အသဲယားလွန်းလို့ မသိခင်မာပဲ ကိုကိုရဲ့နှုတ်ခမ်းကို သူနမ်းရှိုက်ပြီးနေပြီ
မရှိသောအားလေးနဲ့ သူ့ကိုတွန်းထုတ်ဖို့ လုပ်နေတဲ့ ကိုကိုက "မောင် ကိုကိုသွားမတိုက်ရသေးဘူး"တဲ့လေ
ရိပေါ်တော့ ကိုကိုစကားကို ကြားပြီးပြုံးကာ သူလုပ်စရာရှိတာ ဆက်လုပ်နေတော့တယ်
နှုတ်ခမ်းပိတ်ပီး အနမ်းခံယူနေတဲ့ ကိုကိုကြောင့် ရိပေါ် ကိုကိုရဲ့အောက်နှုတ်ခမ်းဖူးဖူးလေးကို ကိုက်လိုက်တော့ နာသွားတယ်ထင်တယ်"အ့"ဆိုတဲ့ အသံနဲ့အတူ ဖွင့်ဟလာတဲ့ ကြယ်လီဗူးလေးးးးး
အခွင့်အရေးစောင့်သူပီပီ နှုတ်ခမ်းလေး ဟလာတာနဲ့ ရိပေါ်လျှာလေးနဲ့ တိုးဝင်နေမိတယ်
ŞİMDİ OKUDUĞUN
我们的家 (ငါတို့ရဲ့အိမ်) (Complete)
Hayran Kurguကိုကို မောင်တို့ အနာဂတ်အိမ်လေးကို အတူတူတည်ဆောက်ကြမယ်နော် (YiZhan )