Part :22

939 68 6
                                    

Unicode

ရိပေါ်ဒီနှစ်ရက် ရွာဘက်မာ သွားစရာရှိတာမို့ လုပ်ရမယ့် အလုပ်ကို မြန်မြန်လက်စသတ်လိုက်တယ်။ အခုသွားတာလည်း အလုပ်ကိစ္စ
နဲ့
ဆိုပေမယ့် လုပ်စရာရှိတာတော့ လုပ်ရမာပဲမလား?

"ကဲ့ အစ်ကိုချန်း မင်းအရင်ဆင်းလိုက်ပါ ငါလုပ်စရာ ရှိနေသေးတာမို့"

ရိပေါ်က အတွင်းရေးမှူးဖြစ်တဲ့ ချန်းရှီကို အစ်ကိုချန်းလို့ပဲ ခေါ်တတ်တယ်။ အစ်ကိုချန်းလည်းပဲ ပင်ပန်းနေရောပေါ့ မနက်ဖြန်သူတို့ သွားရမာမို့ အစ်ကိုချန်းကို အရင်ပြန်ခိုင်းလိုက်တာ

"ဒါပေမယ့် အလုပ်ကမပီးသေးဘူးလေ"

"ရပါတယ် သိပ်မကျန်တော့ဘူး ငါပဲဆက်လုပ်တော့မယ် ပြန်လိုက်ပါ မနက်ဖြန်အစောကြီး သွားရမာမို့"

အလုပ်ဆင်းချိန်ကျော်လို့ ၆နာရီတောင်ရှိနေပြီမို့ ရိပေါ်က အစ်ကိုချန်းကို ပြန်ခိုင်းလိုက်တာ

အစ်ကိုချန်းလည်း ရိပေါ်ကို ခေါင်းညိတ်ပြလို့ နှုတ်ဆက်ကာ ပြန်လာခဲ့သည်။

CEOဖြစ်တဲ့ ရိပေါ်တော့ လုပ်စရာရှိတာကို ဆက်လုပ်နေလိုက်တယ်

၆နာရီတောင် ရှိနေပြီ မောင်က အခုထိ ဆင်းမလာသေးတာမို့ ရှောင်ကျန့်လည်း မပြန်သေးပဲ
မောင်းဆင်းအလာကို စောင့်နေလိုက်သည်။စကားပြောလို့ မရရင်တောင် မောင့်မျက်နှာကို တွေ့ခွင့်ရတယ်မဟုတ်လား?

စောင့်ရင်းစောင့်ရင်း ၆နာရီငါးမိနစ်မာ မောင်ရဲ့အတွင်းရေးမှူးဖြစ်တဲ့ အစ်ကိုချန်းဆင်းလာတာ
ကို တွေ့တာမို့ ရှောင်ကျန့်အစ်ကိုချန်းဆီ ပြေးသွားလိုက်သည်။

"အစ်ကိုချန်း မောင် အာ.... CEOရော ?"

မောင်လို့ပဲ ခေါ်လာခဲ့တာမို့ ရှောင်ကျန့်မာ CEOခေါ်ဖို့ အခက်အခဲဖြစ်နေရတယ်

အစ်ကိုချန်းရဲ့ CEOက မဆင်းသေးဘူးလို့ ကြားတော့ ရှောင်ကျန့်မျက်နှာအနည်းငယ် ပျက်သွားရတယ်။မောင်က စောစောအနားယူရမာလေ ....မောင်က အရမ်းပိန်လွန်းတာကို😔

ရှောင်ကျန့် မောင်ဖို့ညစာသွားဝယ်ပေးလိုက်တယ်

မောင်တောင်မပြန်သေးတာ သူကဘာလို့ ပြန်ရမာလဲ သူ့အတွေးနဲ့သူတော့ သဘောတကျနဲ့ပြုံးနေတဲ့ ရှောင်ကျန့် ။ရုံးခန်းရှေ့ရောက်တော့ တံခါးက အနည်းငယ်ပွင့်နေတာမို့ အစ်ကိုချန်းက
တံခါးလည်း ပိတ်မသွားပေးဘူးဆိုပြီး အစ်ကိုချန်းကို စိတ်ထဲမာ ဆူနေမိတဲ့ ရှောင်ကျန့်ရယ်ပါ.....

我们的家 (ငါတို့ရဲ့အိမ်) (Complete)Where stories live. Discover now