Part:21

917 64 13
                                    

Unicode

ရှောင်ကျန့် ကုမ္ပဏီရှေ့ရောက်တာနဲ့ အခြားဝန်ထမ်းတွေရဲ့တီးတိုးစကားသံကို ကြားနေရတယ်။ CEO Wang Yibo ရုပ်တည်ကြီးနဲ့ ကြောက်စရာကောင်းတယ်တဲ့...

ဒါပေမယ့် သူ့ချစ်သူကို ဂရုစိုက်နေလိုက်တာများတဲ့လေ ဘယ်လိုဖြစ်တာလဲ မောင်ကချစ်ရမယ့်သူ ရှိနေပြီလားးးးး?ရုတ်တရက် ဟိုနေ့က သူမြင်ရတဲ့ မြင်ကွင်းကို ပြန်မြင်ယောင်ပြန်တော့ ရှောင်ကျန့်က အလိုလိုဝမ်းနည်းလာတယ်

ထိုမိန်းကလေးကလည်း လှနေလိုက်တာ CEOနဲ့ အရမ်းလိုက်ဖက်တာပဲဆိုပြီး စသဖြင့် များစွာသော သူတို့ရဲ့စကားကြောင့် ရှောင်ကျန့် သူ့ကိုယ်သူ သိမ်ငယ်နေမိပြန်တယ်😥

"ဝေ့ ရှောင်ကျန့် မျက်နှာလည်း မကောင်းပါလား?"

ရုတ်တရက် ကျိုးချန်က သူ့ပခုံးကို လာရိုက်ပုတ်လိုက်မှ အလန့်တကြားနဲ့ ကိုယ်တစ်ချက်တွန့်သွားတဲ့ ရှောင်ကျန့်

"ချီးပဲ မင်းကလည်း ‌ဖြည်းဖြည်းလုပ်ပါ ကျန်းချန်ရာ ငါလန့်လိုက်တာ"

"ငါခေါ်နေတာ ကြာပြီနော် မင်းကသာမကြားတာ ဆိုစမ်းပါဦး ဘာတွေအဲ့လောက်ထိ တွေးနေတာလဲ?"

"ဘာမှ မဟုတ်ပါဘူး "

ကျိုးချန်ကိုလည်း မပြောပြချင်သေးတာကြောင့် ရှောင်ကျန့်ငြင်းဖို့ပဲ လုပ်လိုက်တယ်။

သေချာတယ် ဒီနေ့လည်း ရှောင်ကျန့်အလုပ်လုပ်ဖို့ အဆင်ပြေမာ မဟုတ်ဘူး

သူ့နားထဲမာ မောင်မာချစ်ရမယ့် ရှိနေပြီဆိုတဲ့ စကားပဲ ကြားနေရတယ်

တကယ်ပဲ ကိုကိုအတွက် အခွင့်အရေးမရှိတော့ဘူးလား? မောင်က တကယ်ပဲ ကိုကို့အပေါ် စိတ်မရှိတော့တာလား?

ကိုကိုမကောင်းတာ သိပေမယ့် ကိုကို မောင်ကိုအဆုံးရှူံးမခံချင်ဘူး။ အဲ့တာကလည်း ကိုကို မောင့်ကိုချစ်နေလို့ပဲ....

"ရှောင်ကျန့် CEOက ရုံးခန်းခနလာဦးတဲ့"

ရုတ်တရက် မောင်ရဲ့အတွင်းရေးမှူး အစ်ကိုချန်း စကားကြောင့် ရှောင်ကျန့်မာ မျက်လုံးအပြူးသား

မောင်က သူ့ကိုခေါ်နေတယ် ။ခါတိုင်း သူ့ကို နှင်ထုတ်နေပြီးတော့လေ

我们的家 (ငါတို့ရဲ့အိမ်) (Complete)Où les histoires vivent. Découvrez maintenant