Part :7

703 66 3
                                    

Unicode

ရှောင်ကျန့် သူ့ရှေ့က ဝက်ရုပ်နဲ့စုဗူးကို ကြည့်ပြီး ရယ်နေလိုက်သည်။ မင်းရုပ်လေးကလည်း
မောင်လိုမျိုး ပါးဖောင်းဖောင်းနဲ့ရယ် အကြီးတစ်ဗူးပြည့်ပြီးလို့ အငယ်ဗူးလေးကို သူကိုင်ကာ
သူထပ်ပြုံးမိပြန်တယ်။သူမောင်ဆီ သွားတဲ့နေ့ကျရင် မောင်လိုရာလေးဖြည့်ဆည်းပေးဖို့ ဒီဗူးအသေးကို သူမောင်ကို အကုန်ပေးလိုက်မာ

နောက်ပြီး အိမ်ဆောက်ဖို့လည်း မောင်နဲ့တိုင်ပင်ရမယ်😊

အတွေးကို အဆုံးသတ်ကာ စိုက်ခင်းထဲ သွားဖို့ အခန်းထဲ ထွက်လာလိုက်သည်။

"ကျန့် ဘယ်သွားမလို့လဲ ?"

ရှောင်ကျန့် အိမ်ရှေ့ရောက်တာနဲ့ သူ့ကိုပြုံးပြကာ မေးလာတဲ့ လုဇီရဲ့သူငယ်ချင်းကြောင့် ရှောင်ကျန့် ကျစ်တစ်ချက် စုတ်သတ်မိတယ်။ဒီကောင်မလေးက တစ်မျိုးမဟုတ်တစ်မျိုး သူ့
ဆီလာနေကျမို့ ရှောင်ကျန့်စိတ်ညစ်နေရတယ်။မောင်မရှိတဲ့ အချိန်မာ နောက်ထပ်သူစိမ်း တစ်ယောက်က သူတို့အိမ်ကို လာတာသူ
မကြိုက်ဘူး မောင်တစ်ခုခု ထင်သွားမာလည်း သူအသေကြောက်ရတယ်။

ခက်တာက အဲ့မိန်းကလေးကို သူဘယ်လိုနည်းနဲ့ တွန်းထုတ်ပါစေ ထွက်မသွားတာကိုပဲ

ရှောင်ကျန့်သက်ပြင်းချကာ စိုက်ခင်းထဲ သွားလိုက်သည်။ ဒါ‌ကို ဘယ်လိုထင်သွားလဲ မသိတဲ့
သူမက သူ့နောက်လိုက်ပြီး ဖောက်ဖောက်ရွတ်လာတာမို့ ရှောင်ကျန့် အတော်ချဉ်နေပြီ

"ဒီမာ မိန်းကလေး မင်းအလုပ်မရှိဘူးလား?"

"ဟိ မိန်းကလေးတဲ့ ဟိဟိ"

သူမေးတာကို မဖြေပဲ သူ့စကားကို ကောက်ယူကာ တဟိဟိလုပ်နေတဲ့ သူမကို ရှောင်ကျန့်မျက်မှောင်ကုတ်စွာ ကြည့်နေမိသည်။ သူ့ညီမအရင်းသာဆို သူခေါင်းခေါက်နေလောက်ပြီ

"ဇီက ကျန့်ကိုလာကူမလို့ "

"မလိုဘူး "

"ဒါပေမယ့် ဇီလုပ်ပေးချင်တယ်လေ "

ဖိနပ်ကို ချွတ်ကာ သူ့ရဲ့ပေါက်ပြားအသေးကို ယူပြီး မြေပေါက်နေလိုက်သော သူမကြောင့် ရှောင်ကျန့်ခေါင်းခါကာ လွတ်ထားလိုက်၏။တစွတ်ထိုး ဆန်တဲ့လူကို သူသိပ်မုန်းတာ

我们的家 (ငါတို့ရဲ့အိမ်) (Complete)Wo Geschichten leben. Entdecke jetzt