Part :13

649 56 12
                                    

Unicode

ဘာလိုလိုနဲ့ ဝမ်‌ရိပေါ် တို့လုပ်အားလာပေးတာ တစ်ပတ်ပြည့်ပြီ ကိုကိုနဲ့အဆက်အသွယ် မလုပ်ရတာတော့ ကိုးရက်ပေါ့

ကြားထဲက ကိုကို ကိုသတိရလားဆို ရိပေါ်က ရူးမတတ်ပဲ ။ဒါပေမယ့် သူဖြတ်ကျော်နိူင်ခဲ့ပြီ

အလုပ်လုပ်လိုက် ကလေးတွေနဲ့ ကစားပေးလိုက်နဲ့ နေ့ခင်းဘက်ကို ကိုကို ကိုလွမ်းနေတဲ့ အလွမ်းက နည်းနည်းဖြေသာ သွားတယ်

မနက်ဖြန် သူတို့က တောင်ပေါ်မာ ဘုရားတက်ဖူးကြမာမို့ ရွာသားပြောချက်အရတော့ အဲ့မာ ဖုန်းလိုင်းရှိတယ်တဲ့ ဒါပေမယ့် သုံးနာရီ တက်ရမာတဲ့

‌သုံးနာရီမကလို့ လေးနာရီဆိုလည်း ရိပေါ်တက်မာပဲ ဘာလို့ဆို သူကိုကို ကိုအရမ်းလွမ်းနေပြီ မဟုတ်လား

သူတို့ဆောက်တဲ့ ကျောင်းကလည်း ပြီးတော့မယ်
မနက်ဖြန်က လပြည့်နေ့လေးမို့ ရွာသားတွေက တောင်တက်ပြီး ဘုရားဖူးကြမယ်လို့ ပြောလာတာမို့ သူတို့လည်းအတူတက်မယ်လို့ တွေးထားကြတယ်

ကလေးတွေကို စာလေးသင်ပြပေးရင်း ရိပေါ်က မနက်ဖြန်အတွက် တွေးပြီး ရင်အရမ်းခုန်နေပြီ

ထိုနည်းတူ တစ်ဖက်က ရှောင်ကျန့်ကလည်း လပြည့်ရက်နေ့လေးမို့ အလုပ်သမားတွေက မလာကြဘူး။ မနက်အစော ဆွန်းကပ်ဖို့ ပြင်ဆင်ပြီး ခနနေ ဘုံကျောင်းသွားဖို့ စဉ်းစားထားတယ်။

မောင့်အတွက် ပန်းအိုးလေးကို ရေလဲပေးပြီး မောင် အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်သည်။

မနက်စာ စားပြီးတာနဲ့ အိမ်ရှေ့မာ သူ့ကိုလာခေါ်တဲ့ ဇီကြောင့် သူအထဲကို ဝင်လာခိုင်းရတယ်

"ကျန့် ပြီးပြီလား"

အနီရောင် တရုတ်ရိုးရာဝတ်စုံလေး ဝတ်ဆင်ပြီး ဆံပင်ကိုပါ ထုံးထားတာမို့ ဇီရဲ့အလှတရားက ရှင်းလင်းစွာ မြင်ရပါတယ်။ အပြုံးလေး
ပါ ဆင်မြန်းပြီး သူ့ကို့ကြည့်လာတာမို့ ရှောင်ကျန့် ငေးခနဲ့ဖြစ်ရပြန်တယ်

ဇီက လှလိုက်တာ ....

"ဟေ့ ကျန့် အဲ့လောက်ထိ မကြည့်နဲ့လေ "

我们的家 (ငါတို့ရဲ့အိမ်) (Complete)Where stories live. Discover now