Unicode
ရှောင်ကျန့် ထိုနေ့က အဖြစ်အပျက်ကြောင့် ဝမ်ခယ့်ရှင်းကို သာမက တစ်အိမ်လုံးကို ရှက်နေတော့သည်။
ပိုဆိုးတာက ဝမ်မားကပါ ခယ့်ရှင်းနဲ့ ပေါင်းပြီး စနေတာမို့ ရှောင်ကျန့်မာ အိမ်မာနေရင် အမြဲမျက်နှာရဲတွေနဲ့😚
ရိပေါ်က ကိုကိုနဲ့လက်ထပ်ချင်တယ်လို့ ပါးမားကို ပြောတော့ သားတို့သဘောအတိုင်းလို့ ဆိုတာမို့ အဆင်ပြေပြနေဲ့ပဲ
သူပြောပြလိုက်တာနဲ့ သွက်လွန်းတဲ့ မားက ရက်ကောင်းရက်မြတ်တောင် ရွေးပြီးနေပြီ
ဒီနေ့တော့ ရိပေါ် လက်စွပ်အပ်ထားတာ သွားယူရမယ့်နေ့ပဲ သူကိုကို လက်ထပ်မယ်ပြောတုန်းက ဘာမှမပါဘူးမလား?
အဲ့တာကြောင့် ထိမ်းမြားလက်စွပ်တော့ မဟုတ်သေးဘူး ။
ကိုကို ကိုတော့ သူမပြောပြဘူး။ဘာလို့ဆို ကိုကို့ ကို Surpriseဖြစ်အောင်လို့
ကိုကိုဆီကို ဒီညအရင်ပြန်ခိုင်းပြီး အိမ်မာမောင့်ကို စောင့်နေလို့ ပြောရင်း သူကိုယ်တိုင်တော့ လက်စွပ်ဆိုင်သို့.....
ရိပေါ်လက်စွပ်ဆိုင်နား မရောက်သေးခင် ဟိုတယ်တစ်ခုရှေ့မာ အွန်ရှမ်းမီနဲ့ တူသလိုမို့ သူကားအရှိန်လျော့ပြီး အကဲဖြတ်ကြည့်တော့ တ
ကယ်ပဲ အွန်ရှမ်းမီ ။ ဘေးက အရပ်ရှည်ရှည်ကောင်လေး တစ်ယောက်နဲ့သူတို့ပုံစံကို ကြည့်ရင် ချစ်သူရည်းစားလေးလို
မကြာပါ နှစ်ယောက်စလုံးက ဟိုတယ်ထဲ ဝင်သွားတာမို့ ရိပေါ်လည်း ကားဆက်မောင်းနေလိုက်တယ်
တကယ်သာဆို ရိပေါ်ပျော်မိမာ ဘာလို့ဆို့ သူ့နားကို ကပ်မနေတော့ဘူး မဟုတ်လား?
အခုက သူ့ကျေးဇူးရှင်လည်း ဟုတ်သလို သူ့ရဲ့ညီမလေးလို သူငယ်ချင်းလေးလို ဖြစ်နေတော့
ရက်စက်ပြီးတော့ မပြောရက်။ ဒါပေမယ့် သူနဲ့ကိုကို အကြောင်းတော့ အမြဲပြောပြတယ်အခုဆို သူမနဲ့လည်း နှစ်ယောက်တည်း စကားမပြောတော့ဘူး ။ ဘာလို့ဆို သူ့အပေါ် သူမမျှော်လင့်ချက်ထားမာ စိုးလို့
ရိပေါ်တော့ တတ်နိူင်သလောက်ပဲ ကိုကို ကိုချစ်မယ်။ကိုကိုတစ်ယောက်တည်းပဲ ကြည့်မယ်
သူ့ဘဝမာ ကိုကိုကသာ အရေးကြီးဆုံးမို့
YOU ARE READING
我们的家 (ငါတို့ရဲ့အိမ်) (Complete)
Fanfictionကိုကို မောင်တို့ အနာဂတ်အိမ်လေးကို အတူတူတည်ဆောက်ကြမယ်နော် (YiZhan )