Part :12

616 55 11
                                    

Unicode

နေရာသစ် အိပ်ယာသစ်ပြောင်းလိုက်ရင် ချက်ချင်းကြီး အိပ်မပျော်တတ်တဲ့ ရိပေါ်က ဟိုလိမ့်ဒီလိမ့်နဲ့ တစ်ညတာလေး ကုန်ဆုံးတော့သည်။ တော်သေးတယ် ကုတင်ပေါ် အိပ်နေတာ မဟုတ်လို့ မဟုတ်ရင် သူ့လိမ့်နေတဲ့ အသံချည်းပဲ ကြားနေရမာ

အခုက ရွာမာမို့ အခန်းတစ်ခန်းကို လူခြောက်ယောက်အိပ်တာ

အဲ့ထဲမာ ဝမ်ရိပေါ်နဲ့ဟောက်ရွှမ်းလည်း ပါတယ်

ဝမ်ရိပေါ်က အခြားသူတွေနဲ့ မရင်းနှီးပေမယ့် ဟောက်ရွှမ်းနဲ့တော့ အမြဲတပူးပူး တတွဲတွဲ ဖြစ်ရပါတယ်

လွမ်းလိုက်တာ ကိုကိုရေ နေရာအသစ်မာ မောင်အိပ်မပျော်ခဲ့ဘူး။ဖုန်းထဲက ကိုကိုဓာတ်ပုံကို ကြည့်ပြီး ရိပေါ်အလွမ်းဖြေနေတော့သည်။

ကြက်အော်သံကြောင့် ဟောက်ရွှမ်းတစ်ယောက် မျက်လုံးဖွင့်လာလိုက်သည်။ဘေးကိုကြည့်လိုက်တော့ ရိပေါ်ကိုမတွေ့ ရိပေါ်ဘယ်များ သွားနေတာလဲ

သူ့ရဲ့အခြားတစ်ဖက်ကို ကြည့်လိုက်တော့ ‌သူတို့ရဲ့ အခန်းဖော်က အိပ်နေကြသေးတယ် ဒါဆို ရိပေါ်ဘယ်သွားနေပါလိမ့် ဟောက်ရွှမ်းလည်း
အနွေးထည်ကို ယူပြီး အပြင်ကိုထွက်လာခဲ့သည်။ အပြင်ရောက်တာနဲ့ ဒန်းပေါ်မာ ထိုင်ပြီး တောဘက်ကို လှမ်းကြည့်နေတဲ့ ရိပေါ်

"ရိပေါ် မင်းအစောကြီး နိူးနေတာပဲ အိပ်မပျော်ဘူးလား?"

"ဒီလိုပါပဲ ဟောက်ရွှမ်း နင်ကြည့်ဦး ဒီရွာက အေးချမ်းလိုက်တာနော် "

ရိပေါ်စကားအဆုံး ဟောက်ရွှမ်းလည်း တောက်ဘက်ကို လှမ်းကြည့်လိုက်သည်

ဆောင်းတွင်းမို့ ဆောင်းရာသီအလိုက် ပွင့်လာသော ပန်းတွေက မြင်သူတိုင်းရဲ့ စိတ်ထဲမာ အေးချမ်းစေနိူင်တယ်

"ကားသံ ဆူညံသံလည်း မကြားရသလို လူလည်းမများဘူး သဘာဝ‌ ကြက်တွန်သံ ကျေးငှက်တွန်သံပဲ ကြားနေရတယ် ဒါတွေကလည်း
ကျေးငှက်တွေရဲ့ သဘာဝသံစဉ်လေးမို့ နားထောင်တိုင်းလည်း ငြီးငွေ့သွားတာမရှိ ငါဒီလိုမျိုး အေးချမ်းတာကို သဘောကျတာ"

"ဟုတ်ပါနော် အဆင့်အတန်း ခွဲခြားတာလည်း မရှိဘူး နေစမ်းပါဦး မင်းလိုအေးတိအေးစက်က
ဒီလိုမျိုး သဘာဝအလှတရားလည်း ခံစားတတ်တာပဲလား?"

我们的家 (ငါတို့ရဲ့အိမ်) (Complete)Donde viven las historias. Descúbrelo ahora