Unicode
မောင်ထွက်သွားပြီးကတည်းက ဘယ်မာလိုက်ရမှန်း မသိတဲ့ ရှောင်ကျန့်က အဆောင်မာ တစ်လတိတိ မောင့်ရဲ့ပြန်အလာကို စောင့်မျော်နေခဲ့တယ်
နေ့တိုင်း မောင်ရဲ့ခေါင်းအုံ့ကို ဖက်ပြီး တောင်းပန်စကား အကြိမ်ကြိမ်ဆိုကာ အရူးတစ်ယောက်လိုမျိုး တစ်ယောက်တည်း စကားပြောနေတတ်၏
"ပြန်လာပါတော့ မောင်ရေ ကိုကိုအမှားအတွက် ကိုကိုတောင်းပန်ပါတယ်လေ ဘာလို့အခုထိ ပြန်မလာသေးတာလဲ ကိုကို မောင့်ကို အရမ်းလွမ်းနေပြီ ပြန်လာပေးပါတော့😭"
ကိုကို ကိုအခုလိုမျိုး အဝေးကနေပဲ အပြစ်မပေးပါနဲ့လေ ကိုကိုအနားပြန်လာပြီး မောင်စိတ်ကြိုက် ကိုကို့ ကိုအပြစ်ပေးပါ...ကိုကို
ကျေကျေနပ်နပ် ခံယူပါ့မယ် ပြန်လာပေးပါ ကိုကို
က မောင်အချစ်နဲ့ မထိုက်တန်သူဆိုပေမယ့် ဒီတစ်ခါ ကိုကိုကပဲ မောင့်ကို ပိုပြီးချစ်ပေးပါ့မယ်လေ ပြန်လာပါတော့လား မောင်ရယ်😭ဆာဘူးဇီနဲ့လုဇီကတော့ ရှောင်ကျန့်အဖြစ်ကို သူတို့မကြည့်ရက်နိူင်တော့ဘူး
ကျန့်က ရိပေါ်အပေါ်ရက်စက်ပေမယ့် အခုလိုမျိုး ကျတော့လည်း လုဇီက ရှောင်ကျန့်ကို သနားပါတယ်
ငါမင်းကို အကြိမ်ကြိမ်သတိပေးရက်နဲ့ မင်းကအတင်းဆိုးနေတာကို ရှောင်ကျန့်ရာ မင်းအပြစ်နဲ့မင်း ဆိုပေမယ့် ငါမင်းတို့အတွက် စိတ်မကောင်းလွန်းလို့ ဘယ်လိုလုပ်ပေးရမလဲ...?
ဝမ်ရိပေါ်ရေ ရှင်ဘယ်ရောက်နေတာလဲ ရှောင်ကျန့်က မင်းအပေါ်ရက်စက်ခဲ့သမျှ အခု သူ့ဝဠ်ပြန်လည်ပြီထင်တယ်....
"ကျန့် တော်တော့ ဝမ်ရိပေါ်က ပြန်လာမာမဟုတ်တော့ဘူး အိမ်ပြန်ရအောင်"
"ဖြန်း👏 နောက်တစ်ခါ မောင်မပြန်လာတော့ဘူးလို့ ပြောရဲပြောကြည့် ငါမင်းကိုအသေသတ်မယ်"
စောနကလို ရုပ်နဲ့မဟုတ်တော့ပဲ မာကြောခက်ထန်တဲ့ နတ်ဆိုးတစ်ကောင်လို ဖြစ်သော ရှောင်ကျန့်ကို ဆာဘူးဇီနဲ့လုဇီကတော့ မယုံနိူင်သလို မျက်လုံးအပြူးသားနဲ့
နောက်ပြီး ဇီရဲ့ပါးကိုလည်း အားပါပါနဲ့ ရိုက်ချလိုက်တာကြောင့် ဆာဘူးဇီတော့ မျက်နှာတစ်ခုလုံး ပူပြီးနီရဲကုန်ပြီ...
VOCÊ ESTÁ LENDO
我们的家 (ငါတို့ရဲ့အိမ်) (Complete)
Fanficကိုကို မောင်တို့ အနာဂတ်အိမ်လေးကို အတူတူတည်ဆောက်ကြမယ်နော် (YiZhan )