Unicode
Canolaပန်းခင်းကြီးထဲကနေ ပြန်လာတော့ ရှောင်ကျန့်က ညစာချက်တယ် ရိပေါ်လေးကတော့ ရှောင်ကျန့်သိမ်းလာခဲ့တဲ့ အဝတ်ကို ခေါက်တယ်။ ပြီးတော့ အေပရွန်နဲ့ အလုပ်ရှုပ်နေတဲ့ ရှောင်ကျန့်ကို အနောက်ကနေ သိုင်းဖက်ကာ ချွဲနေတော့သည်။
"ဗိုက်ဆာနေပြီမလား ပြီးတော့မယ်"
"အွန်း "
ရှောင်ကျန့်တော့ မောင်ရဲ့အပြုအမူကြောင့် ပြုံးနေလိုက်သည်။ အားလုံးပြီးသွားတော့ နှစ်ယောက်စလုံးက ထိုင်ပြီးထမင်းစားနေလိုက်၏။
သူတို့အိမ်က သေးသေးလေးမို့ မီးဖိုချောင်နဲ့ ထမင်းစားခန်းက အတူတူပဲ
သို့သော် သူတို့ပိုက်စံစုထားတယ် အိမ်အသစ်လေး လုပ်ဖို့
ဒါပေမယ့် အခုရှောင်ကျန့်တွေးထားတာ ရှ်ိတယ် နွေရာသီကျောင်းပိတ်တာ မောင့်ကိုကွန်ပျူတာ သင်တန်းတက်ခိုင်းမလားလို့
သူစုထားတဲ့ ပိုက်ဆံနဲ့ဆို ဒီလောက်တော့ တက်နိူင်တယ်လေ
"မောင် ကျောင်းပိတ်တုန်း ကွန်ပျူတာသင်ဖို့ စိတ်ဝင်စားလား ?"
"ကိုကို ဒီလောက်ဆိုတော်ပြီလေ မသင်တော့ဘူး ကိုကိုပင်ပန်းတာ များလှပြီ မောင်ကိုကို ကိုပဲကူလုပ်ပေးမယ် မောင်ဘာသင်တန်းမှ မတက်ဘူးနော် "
သူ့နဖူးကိုနမ်းကာ ဆိုလာတဲ့မောင်က သူ့ကိုအတော်စိတ်ပူနေတာ
"ဒါပေမယ့်လေ မောင် "
"အိုက်ယားးးးးကိုကိုရာ စာလည်းဖတ်တတ်တွက်တတ် နေပြီလေ တော်ရော့ပေါ့ ကိုကိုအနားမာနေပြီး ကိုကို ကိုပဲကူလုပ်ပေးမယ် မောင်ဘာသင်တန်းမှ မတက်ဘူး အိပ်ပါတော့ မောင်ချော့သိပ်ပေးမယ် "
ငယ်ငယ်က ရှောင်ကျန့်ရင်ခွင်ထဲမာ ဝင်အိပ်တတ်တဲ့မောင်က အခုတော့ ရှောင်ကျန့်ကို ရင်ခွင်ထဲထည့်ပြီး အိပ်တတ်သည်။
သီချင်းလေးနဲ့ဆိုပြကာ သူ့ကိုချော့သိပ်နေတဲ့ မောင်က ရှောင်ကျန့်ရဲ့နှာလုံးလေးးးးးး
ကိုကိုက မောင့်ကို ပညာတတ်ကြီး တစ်ယောက်ဖြစ်စေချင်တာ အခုပြောမရလည်း ဖြည်းဖြည်းချင်းပေါ့ ။ အခုတော့ မောင်ဆိုပြလာတဲ့ သီချင်းက သူ့ကိုအိပ်စေချင်လာတယ်
မောင်အသံက နားဝင်ချိုလိုက်တာ😊😊
KAMU SEDANG MEMBACA
我们的家 (ငါတို့ရဲ့အိမ်) (Complete)
Fiksi Penggemarကိုကို မောင်တို့ အနာဂတ်အိမ်လေးကို အတူတူတည်ဆောက်ကြမယ်နော် (YiZhan )