Part :16

831 62 17
                                    

Unicode

ရှန်ဟိုင်းကို ပြန်ရောက်တာနဲ့ ဟောက်ရွှမ်းက ရိပေါ်ကို အဆောင်မာ မနေခိုင်းတော့ပဲ သူ့အိမ်ကို ခေါ်လာခဲ့တယ်။ ဒီအချိန်မာ သူရိပေါ်ကို
တ‌စ်ယောက်တည်း မလွှတ်ရဲ။ရိပေါ်က မသိတတ်တဲ့ ကလေးမဟုတ်ပေမယ့် လူ့စိတ်တွေက အရမ်းမွန်းကြပ်ရင် တစ်ခုခု လုပ်မိမာစိုးလို့ သူ့အိမ်မာပဲ ခေါ်လာခဲ့တာ

ပါးမားကိုတော့ သူပြောပြပြီးသားမို့ ရိပေါ်ကို နွေးထွေးစွာ ကြိုဆိုပေးတယ်။ နေ့ခင်းဘက်မာ မားက ရိပေါ်နဲ့ စကားပြောအဖော်ပြုပေးပေမယ့် အခုထိ ရိပေါ်က စိတ်နဲ့လူ မကပ်သေး

စစရောက်ခြင်း ညမာ ရိပေါ်က သတိလစ်သေးလို့ မားကိုအမြဲကုပေးနေတဲ့ ဒေါက်တာကို ခေါ်ခဲ့ရသေးတယ်

ဟောက်ရွှမ်း ရှောင်ကျန့်ကော့ကို စိတ်တိုလွန်းလို့ ထသာထိုးပစ်လိုက်ချင်တာ

သူမို့လို့ လုပ်ရက်တယ်....နောင်တစ်ချိန် နောင်တမရစေဖို့ပဲ ဟောက်ရွှမ်းဆုတောင်း ပေးလိုက်ပါတယ်

ဟိုလပြည့်နေ့တုန်းက သူတို့အတူ ရိုက်တဲ့ပုံကို ရိပေါ် ဒီမနက်မှ တွေ့ခဲ့တယ်

စကားအများကြီး မပြောတော့တဲ့ ရိပေါ်က ရှောင်ကျန့်နဲ့သူ့မိန်းကလေး အတူရိုက်တဲ့ပုံကို ကြည့်ပြီး ရိပေါ်က တဟားဟားနဲ့ အော်ရယ်နေတာမို့ ဟောက်ရွှမ်း ရိပေါ်အတွက် စိတ်မကောင်းလွန်းလို့ ရိပေါ်ကို အတိတ်သာမေ့ပစ်လိုက်စေချင်တယ်

"ရိပေါ် တော်တော့ ဆက်မကြည့်နဲ့တော့"

အခုထိ ရှောင်ကျန့်ကော့နဲ့ထိုမိန်းကလေးပုံကို ကြည့်နေသေးသော ရိပေါ်ကြောင့် ဟောက်ရွှမ်း ရိပေါ်ဖုန်းကို သိမ်းယူပစ်လိုက်သည်။

"တော်တော့ ရိပေါ် မင်းငိုချင်တယ်ဆို ငိုချလိုက်ပါ ဒီတစ်ခါငိုပြီးရင် မင်းနောက်ထပ်မငိုပါနဲ့တော့ မင်းဒီလိုမျိုး မအောင့်ပါနဲ့ ငိုချလိုက်ပါ ငါမင်းအနားမာ အမြဲရှိနေပေးမယ်"

ဟောက်ရွှမ်း ရိပေါ်ဒီလိုပုံစံကို ဆက်မမြင်ချင်တော့ဘူး ငါမင်းအတွက် ရင်နာလိုက်တာ ရိပေါ်ရာ

"ဟောက်ရွှမ်း "

"အင်း "

"မင်းသိလား ငါကိုကိုနဲ့ လမ်းခွဲစကား မပြောရသေးဘူး"😊

我们的家 (ငါတို့ရဲ့အိမ်) (Complete)Where stories live. Discover now