5

3.3K 411 0
                                    

အပိုင်း၅ /​ယောက်ျားဆီကနေ လက်ဆောင်တွေရယူပါ 2/

ဘာသာပြန်သူ - Emily

**

"ရှင်းပြမယ်?"
ဟော်စစ်ရှန်း သူမကိုကြည့်လိုက်သည်။

သူ့ဗီရိုထဲမှာသူ့အဝတ်တွေဝတ်ပြီး ဝင်အိပ်နေတာကို ဘယ်လိုရှင်းပြမှာလဲ?

သူ ဖုန်းပေးရောက်နေတဲ့ သူမလက်တွေကိုကြည့်လိုက်သည်။ နောက်စက္ကန့်မှာတော့ ဖုန်းက အမှိုက်ပုံးထဲရောက်သွားတော့သည်!

ဂူရှီးရှီးချွေးကြောင့် တစ်ကိုယ်လုံးစိုရွှဲနေပြီ။ သူမ ချွေးတွေကို သုတ်ပစ်လိုက်ကာ အသံတိုးတိုးလေးဖြင့်
"အမ်...ကျွန်မ..ကျွန်မက အိပ်ရင်းလမ်းလျှောက်တတ်လို့ပါ..."

ဟော်စစ်ရှန်းက သရော်လိုက်သည်။
"အိုး. ဒါဆို အခု မင်းနိုးပြီလား?"

ဂူရှီးရှီး လည်ပင်းယားလာပြန်ကာ
"ဟုတ်..မဟုတ်..."

ဟော်စစ်ရှန်းမျက်နှာ မှောင်မည်းသွားသည်။ သူ စကားမပြောခင် အပြင်ဘက်က ခြေသံတွေကြားရကာ

"သခင်လေး အခုနက ဘာဖြစ်..."

တံခါးက အပြင်ဘက်ကနေ ဆွဲဖွင့်ခံလိုက်ရသည်။

တစ်ကိုယ်လုံးမှာ ယောက်ျားအဝတ်တစ်ထည်ပဲရှိတဲ့ ဂူရှီးရှီးတစ်ယောက် လန့်ကာ သူမအရှေ့မှာရှိတဲ့ ဟော်စစ်ရှန်းကိုဆွဲပြီး သူ့အနောက်မှာဝင်ပုန်းဖို့ ကြိုးစားလိုက်သည်။

သူမ သူ့ကိုဆွဲလိုက်တာနဲ့ ဟော်စစ်ရှန်းရဲ့မျက်နှာက မဲမှောင်လာကာ ဆိုဖာပေါ်က စောင်ကိုယူပြီး သူမရဲ့ပခုံးဖြူဖြူတွေကို အုပ်ချပေးလိုက်သည်။

အခန်းဝမှာရပ်နေတဲ့ စီယီရဲ့ဆံပင်တွေကတော့ အပေါ်ကိုထောင်တက်နေသည်။ သူ့ဘက်ကနေကြည့်ရရင်တော့ အမျိုးသမီးရဲ့ခါးလောက်ရှည်တဲ့ဆံပင်ရှည်တွေနဲ့ သခင်လေးက သူမကိုဖက်ထားတာကို မြင်နေရသည်။

သူ ချက်ချင်းတွေဝေသွားကာ နောက်တစ်စက္ကန့်မှာပဲ ပျော်ရွှင်စွာပြန်လှည့်ထွက်သွားသည်။

ဂူရှီးရှီးသက်သာရာရစွာ သက်ပြင်းချလိုက်သည်။

ဝတ္ထုထဲမှာ ဟော်စစ်ရှန်းက ယုတ်မာကောက်ကျစ်တဲ့လူဖြစ်သည်။ ဒါပေမဲ့ အခု သူက သူမကိုယ်ကို စောစောစီးစီးအုပ်ပေးလိုက်လို့သာပေါ့။ ကြည့်ရတာ စာအုပ်ထဲကလို သူက အရမ်းယုတ်မာတဲ့ပုံလည်း မပေါ်ပါဘူး။

ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎Where stories live. Discover now