45+46+47+48

2.5K 349 4
                                    

ဗီလိန်ရဲ့ပိုက်ဆံအကုန် သုံးပစ်မယ်

အခန်း -၄၅+၄၆

အခန်း - ၄၅

ဘာသာပြန်သူ - Emily

**

သူမ အရှေ့က အစစ်နဲ့တူလွန်းသည့် တောင်နဲ့မြစ်ကို ဂူရှီးရှီး ကြည့်နေခဲ့သည်။ လေထဲက လွတ်လပ်တဲ့ခံစားချက်ကို ခံစားရင်း သူမအရှေ့မှာ နောက်တစ်ထပ် ကမ္ဘာတစ်ခု ထပ်မံပေါ်ပေါက်လာသကဲ့သို့ ခံစားလိုက်ရသည်။

သူမ မျက်လုံးတွေကိုမှိတ်လိုက်ပြီး လက်မောင်းတွေကို ပြန်ဖက်ထားလိုက်သည်။ တောင်နဲ့ရေထဲက လန်းဆန်းတဲ့ချီရနံ့တွေကို သူမ ထွေးပွေ့ထားချင်သည်။ သူမ သတိမထားမိခင်မှာပင် အချိန်ကကုန်သွားခဲသည်။

သူမ မျက်လုံးပြန်ဖွင့်လိုက်တော့ သူမရဲ့အခန်းထဲကို ပြန်ရောက်နေပြီး သူမရဲ့အရှေ့မှာ ပန်းချီဆွဲစာချပ်ကို တွေ့လိုက်ရသည်။ သူမ ဘယ်နေရာကိုမှ မကြည့်တော့ပဲ စုတ်တံကိုယူကာ စာရွက်ပေါ်မှာ စုတ်ချက်တို့ စတင်လိုက်သည်။

မှင်ရည်ကိုပဲသုံးပြီး တောင်တန်းတွေ ရေစီးဆင်းနေတဲ့မြစ်ချောင်းတွေကို ဖန်တီးလိုက်သည်။ စုတ်တံကို စိတ်လိုသလို လှုပ်ရှားနေပြီး ရေပြင်ပေါ်မှာ လှေငယ်တစ်စီးနဲ့လှေမောင်းသူတစ်ယောက်ကိုပါ ဖန်တီးလိုက်သည်။

သူမရဲ့စုတ်ချက်တွေက မညီမညာဖြစ်သွားခြင်းလည်းမရှိသလို ခဏလောက်တန့်သွားခြင်းလည်းမရှိ။

(အနီရောင်တောင်ကိုဆွဲလို့ပြီးပါပြီ)

(ယွမ် 300000ပါ)

ဂူရှီးရှီး စုတ်တံကိုချလိုက်ကာ သူမဖန်းတီလိုက်တဲ့လက်ရာကို မယုံချင်စဖွယ်ကြည့်လိုက်သည်။ 300000 တောင်တဲ့... အဲဒါက အောင်မြင်ပြီးသား ပန်းချီဆရာတစ်ယောက်ရဲ့ ပန်းချီကားချပ် တန်ဖိုးနဲ့ပင် တူနေသေးသည်။

အခု သူမက ဘယ်သူမှမသိသေးတဲ့ ဆိုင်အသေးလေးက ပန်းချီဆရာတစ်ယောက်ပဲ ရှိသေးတာလေ။ သူမရဲ့လက်ရာအတွက် သုံးသိန်းဆိုတာက တကယ်ကိုပင် များပါသည်။ ဒီဈေးနဲ့ သူမ ရောင်းထွက်မယ်လို့တော့ မထင်ဘူး!

"အမ်?"

ဂူရှီးရှီး ခြေချောင်းတွေကို ငုံ့ကြည့်ကခဏလောက် တွေးတောနေလိုက်သည်။

ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎Where stories live. Discover now