ဗီလိန်ရဲ့ပိုက်ဆံအကုန် သုံးပစ်မယ်
အခန်း - ၂၅ /အာသာငမ်းငမ်းနဲ့ သူ့ကိုစိုက်ကြည့်ခြင်း 1/
ဘာသာပြန်သူ - Emily
**
ဒင်! ဒင်! ဒင်!
နောက်တစ်နေ့ မနက် 7နာရီမှာ ဂူရှီးရှီး နိုးလာခဲ့သည်။ မနက်ဖြန် ဒီအိမ်က ထမင်းတွေမစားရတော့ဘူး ဆိုတဲ့ အသိနဲ့ အဝအပြဲစားပြီးနောက် မနေ့ညက ညသန်းခေါင်တိုင်တဲ့အထိ ဗိုက်တင်းလွန်းကာ သူမ အိပ်မပျော်ခဲ့ပေ။ ဒါကြောင့် သန်းခေါင်ယံအချိန်ထိ အိပ်မပျော်ပဲ ရုပ်ရှင်ကားကြည့်နေခဲ့သည်။
အခု နိုးစက်သံကြောင့် နိုးလာခဲ့ပေမဲ့ ပင်ပန်းပြီးမူးဝေနေသည်။ သူမ အိပ်ရာပေါ်ကနေ ထမလို့ပြင်းလိုက်ပေမဲ့ သမ်းကာ ပြန်ပြန်လှဲကျသွားသည်။
သုံးလေးကြိမ်လောက် ပြန်ပြန်လှဲကျပြီးမှ အိပ်ရာပေါ်ကနေ ထနိုင်သွားသည်။ မျက်လုံးအောက်က အညိုရောင်ကွင်းကြီးတွေနဲ့ မျက်လုံးမပွင့်တပွင့်ဖွင့်ကာ ရေချိုးခန်းထဲဝင်သွားသည်။ သွားတိုက်ပြီးလို့ အဝတ်ထုတ်တာကြောင့် မျက်လုံးကို မနည်းဖွင့်နေရသည်။
မျက်နှာသစ်ပြီး မှန်ကိုကြည့်လိုက်တော့ သူမဝတ်ထားတဲ့ တီရှပ်က အနည်းငယ်ပွနေပြီး Chanelတံဆိပ်ဖြစ်ကာ မျက်စိဖမ်းစားနေသည်ကို တွေ့လိုက်ရသည်။ ပြီးတော့ လိမ်ကျစ်ကျစ်စကတ်ကလည်း နက်ပြာရောင်ကြယ်သီးသုံးလုံးတပ်ဖြစ်ကာ သူမခါးပေါ် ချပ်ရပ်နေသည်။ သူမပုံစံက အဆင့်အတန်းမြင့် မိန်းမပျိုလေးတစ်ယောက်လို ကြော့ရှင်းနေသည်။
သူမ ဒီဇိုင်နာဘရန်းတွေဝတ်တာထက် ချည်သားတွေ ဝတ်ရတာကို ပိုကြိုက်သည်။ ပိုပြီးတော့ သက်တောင့်သက်သာဖြစ်တယ်လေ။ ဒါပေမဲ့ ဒါတွေအားလုံးက ဒီဇိုင်နာဘရန်းတွေချည်းပဲ။ ထားပါတော့.. ဒါက ကံတရားရဲ့စီရင်ရာအတိုင်းပဲလေ။
ခန္ဓာကိုယ်ကို မှန်အရှေ့မှာ ဘယ်လှည့်ညာလှည့်ကြည့်ကာ ပါးစပ်ကိုဟပြီး ပြုံးလိုက်သေးသည်။ သူမ ဝတ်ထားတာက ဒေါ်လာ 10000-20000ဖိုးလောက်ရှိသည်။ ဒါကိုမှ ကြည့်မကောင်းရင် ဘယ်လိုလုပ်ရဦးမှာလဲ?
အခု ငါ့ပုံက အရမ်းကို ကြော့ရှင်းလှပ ကြည့်ကောင်းနေတာပဲ!
ဂူရှီးရှီး အားရစွာ ခေါင်းညိမ့်လိုက်သည်။ ပြီးတော့ လက်ကိုင်အိတ်ကို ကောက်ယူကာ ဖုန်းပါရဲ့လား သေချာအောင် စစ်ကြည့်ပြီးမှ သော့ယူကာ သူမ အိပ်ခန်းထဲကနေ ထွက်လာခဲ့သည်။
YOU ARE READING
ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎
Romance#This is not my work. Name - Spending the villain's money to extend my life Author - Salted Lobster / 盐焗大龙虾