83+84

1.7K 274 1
                                    

ဗီလိန်ရဲ့ပိုက်ဆံအကုန် သုံးပစ်မယ်

အခန်း - ၈၃+၈၄
အခန်း - ၈၃ /သူနဲ့နီးကပ်တဲ့လူတိုင်းက ကံကြမ္မာဆိုးနဲ့ ကြုံတွေ့ရလိမ့်မယ်/

ဘာသာပြန်သူ - Emily

**

တစ်ချိန်တည်းမှာပဲ စာကြည့်ခန်းထဲမှာတော့…

အိမ်တော်ထိန်းလင်းပေးလိုက်တဲ့ ပန်းချီကားကို စီယီ စာကြည့်စားပွဲပေါ်မှာ ထားလိုက်သည်။ ဘောင်သွင်းလိုက်ပြီးနောက် ပန်းချီကားက အရင်ထက် ပိုပြီးတော့ကို တန်ဖိုးမြင့်သွားပုံပေါ်သည်။ စီယီ ပန်းချီကားကိုကြည့်ရင်း ပြုံးတာကို မနည်းရပ်တန့်လိုက်ရသည်။

Taobaoကနေ သူ ဒီပန်းချီကားကိုဝယ်တုန်းက အသေးစိတ်ကို မကြည့်ခဲ့ရသေးပေ။ အခု သူ့အရှေ့က ပစ္စည်းအစစ်အမှန်ကိုကြည့်လိုက်တော့ ပုံထဲမှာ ဆန်ကောက်စားနေတဲ့ ကြက်ကလေးတွေကို အသေးစိတ်ကြည့်လိုက်သည်။ ဒီပန်းချီကားရဲ့ခေါင်းစဉ်က /စာအိတ်နီမရခဲ့တော့ မပျော်တော့ဘူး// တဲ့။ ဒါပေမဲ့ သူ ပိုပြီးအနီးကပ်ကာကြည့်လိုက်တော့ ပန်းချီကားရဲ့ထူးခြားချက်ကို တွေ့သွားသည်။

*မဟုတ်..မဟုတ်ဘူးမလား?*

*ကြက်ကလေးတွေက ခြွေတာနေတာလား?*

ကြက်ကလေးတွေရဲ့အနောက်မှာ ရေးထားတဲ့စာက တစ်ယောက်ယောက်က သူမကို စာအိတ်နီတောင်မပို့ပဲ ကပ်စေနှဲပြီး ချွေတာနေတယ်ဆိုတာကို ဆိုလိုတာလား?

စီယီ အကျယ်ကြီးအော်ရယ်ပစ်လိုက်ချင်နေသည်။ ရယ်ချင်တာကို ထိန်းထားရလို့ သူ့ပါးတွေတောင် နာကျင်နေပြီ။

မိန်းကလေးဂူက ဘော့စ်ကို စာအိတ်နီတွေပို့ခဲ့တယ်လို့ ချင်ရူဟိုင်က သူ့ကိုပြောပြခဲ့သည်။ ဘော့စ်က သူမကို ဘာမှပြန်မပို့ခဲ့ဘူးလား?

မိန်းကလေးဂူက ဒါတွေကို စိတ်ထဲမထားတတ်တဲ့သူပါ…သူမရဲ့ပန်းချီကားကတော့..။ ကြက်ကလေးတွေက ဒေါသထွက်နေသလိုရှိကာ အမြီးတွေက တစ်ဖြောင့်တည်းဖြစ်နေပြီး တစ်ကောင်နဲ့တစ်ကောင် ထခွပ်တော့မလို။

"ဘော့စ် ဒါ မိန်းကလေးဂူရဲ့ပန်းချီကားပါ"

ပြောရင်းနဲ့စားပွဲက ဘော့စ်ရဲ့မျက်နှာအမူအရာကိုလည်း ခိုးကြည့်လိုက်သေးသည်။

ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎Where stories live. Discover now