ဗီလိန်ရဲ့ပိုက်ဆံအကုန် သုံးပစ်မယ်
အခန်း - ၁၃၇+၁၃၈
အခန်း - ၁၃၇
**
အခုချိန်မှာ အဲဒါကိုမလုပ်နိုင်သေးဘူးဆိုရင်တောင်မှ နောက်မှတိုးလာမယ့်အခွင့်ရေးကိုလည်း ကြိုရှာထားရမယ်လေ။ ဒါကြောင့် ရှီးရှီး မီးဖိုချောင်ထဲသွားကာ မနက်တုန်းက ကြိုးစားလေ့လာထားတဲ့ ရိုးရိုးရှင်းရှင်းစတိခ်ကိုပဲ ပြင်ဆင်ဖို့လိုပ်လိုက်တယ်။
အားလုံးပြီးသွားလို့ကြည့်လိုက်တော့ သူမ မီးဖိုချောင်ထဲရောက်နေတာ ၃နာရီတောင်ရှိနေပြီ။ ချွေးတွေလည်းထွက်နေပြီဖြစ်ကာ အကြာကြီးရပ်ခဲ့ရတာကြောင့် ခါးတွေလည်း နာနေပြီ။ ဒါပေမဲ့ သူမရဲ့အချက်အပြုတ်စကေးကို ဘော့စ်ဟော်ကကြိုက်သွားပြီး နှစ်သက်မှုအဆင့်က ၄ ၅ ကိုထိုးရောက်သွားလောက်တယ်လို့ တွေးရင်း ဖြေသိမ့်လိုက်တယ်။
သူမလုပ်ထားတဲ့စတိခ်ကို အပိုင်းသေးသေးလေးလှီးကာ အရသာမြည်းလိုက်ပြီးနောက် အဆင်ပြေသဖြင့် ရေခဲသေတ္တာထဲထည့်ကာ အခန်းဆီပြန်လာခဲ့သည်။
ဂူရှီးရှီး ရေချိုးကန်ထဲစိမ်ပြီး face maskကပ်နေစဉ်အချိန်မှာ စာကြည့်ခန်းထဲမှာ မီးလင်းနေတုန်းပင်။ ဟော်စစ်ရှန်း သူ့ထိုင်ခုံမှာထိုင်ကာ စီယီယူလာပေးတဲ့ မှတ်စုစာအုပ်ကိုကြည့်နေသည်။
"မင်း ဒါကိုတွေ့ခဲ့တာလား"
စီယီက မော့မကြည့်ပဲ
"ဒါက မိန်းကလေးဂူဟာလို့ထင်ပါတယ်။ သူမ မီးဖိုချောင်ထဲမှာကျန်ခဲ့တာပါ။ ကြည့်ရတာ သူမလက်ရေးနဲ့တူသလိုပါပဲ"ဟော်စစ်ရှန်း မျက်မှောင်ကျုံ့လိုက်တယ်။
နူးညံ့တဲ့ အသားကြော်(စတိခ်)။
ဒါက စာဖိုမှူးရဲ့လက်ရေးနဲ့လုံးဝတူနေတာကြောင့် စာဖိုမှူးရဲ့စာအုပ်ပဲဖြစ်ရမယ်။ ဒါပေမဲ့ စာရွက်အစွန်းနားမှာရေးထားတဲ့ လက်ရေးနဲ့စာလုံးတွေကြောင့် ဟော်စစ်ရှန်းကြောင်သွားရတယ်။ ချစ်စရာကောင်းတဲ့စာလုံးပုံစံတွေနဲ့ ရေးထားတဲ့စာလုံးတွေက
(ဘော့စ်က အသားကြိုက်တာဖြစ်ရမယ်။ စတိခ်လုပ်ကြတာပေါ့)
ပြီးတော့ အောက်ဘက်မှာ စတိခ်ပုံကို ကာတွန်းပုံစံလေးဆွဲထားသည်။ ခပ်ဝိုင်းဝိုင်း အသားတုံးက ဟင်းရွက်တွေခြံရံပြီးတော့ အိုးထဲကခုန်ထွက်လာတဲ့ပုံစံနဲ့။
YOU ARE READING
ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎
Romance#This is not my work. Name - Spending the villain's money to extend my life Author - Salted Lobster / 盐焗大龙虾