ဗီလိန်ရဲ့ပိုက်ဆံအကုန် သုံးပစ်မယ်
အခန်း - ၁၁၅+၁၁၆
အခန်း - ၁၁၅
**
"ဒါ ခြောက်သွားရင် အနောက်မှာ နောက်ထပ် နည်းနည်းထပ်ရေးဦးမယ်"
(အိုး မင်းက အနောက်မှာလည်း ကောင်းကောင်းရေးနိုင်တာလား။ ထုတ်လွှင့်သူက အရမ်းကို ပရော်ဖက်ရှင်နယ်ကျတာပဲ)
(ထုတ်လွှင့်သူရဲ့လက်ရေးက အရမ်းလှတာပဲ)
"ကောင်းပြီ။ ဒီနေ့ ဒီမှာပဲ ရပ်လိုက်မယ်နော်။ ကြည့်ရှုပေးတဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်မှ ထပ်တွေ့မယ်နော်"
ရှီးရှီး အချိန်ကိုကြည့်လိုက်သည်။ သူမ ထုတ်လွှင့်နေတာ ၁နာရီတောင်ရှိတော့မယ်။ သူမ လူတိုင်းကို ကျေးဇူးတင်လိုက်ကာ ထုတ်လွှင့်မှုကို ပိတ်ဖို့လုပ်လိုက်သည်။
မှင်ခြောက်ဖို့က အချိန်ကြာမှာဖြစ်တာကြောင့် သူမ မထိုင်စောင့်ချင်။ သူမမှာ အခြားသူတွေလိုမျိုး သီချင်းဆိုပြဖို့ အသံကောင်းကောင်းရှိတာမဟုတ်ဘူး။
(အိုး ခဏ။ ထုတ်လွှင့်သူရေ။ မသွားပါနဲ့ဦး။ မင်းက ဒုတိယမျိုးဆက်ချမ်းသာသူဆိုတာကို မပြောရသေးဘူးလေ)
/ဟုတ်တယ်။ ငါတို့ကို စကားပြောပါဦး/
လူတိုင်းက သူမကို ပြောစေချင်နေကြသည်။ ဒါပေမဲ့ စခရင်မ်က မဲမှောင်သွားခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုပြီးတော့ တောင်ကုန်းဘုရင်ဆီကနေ မက်ဆေ့တွေဝင်လာသည်။ သူမရဲ့ပန်းချီကားကို ဝယ်ဖို့ပြောထားတာဖြစ်သည်။ /နောက်တစ်ကြိမ်မှပေါ့/ လို့ပြန်ပြောကာ သူမရဲ့ဝီချက်အကောင့်သစ်ကို သူ့ကိုပေးလိုက်သည်။
စာပြန်ပြီးတာနဲ့ ရှီးရှီး ဖုန်းကို စားပွဲပေါ်ချထားလိုက်သည်။ သူမ တကယ်ကိုပျော်ပါသည်။ အရင်ကဆို ပန်းချီကားတစ်ချပ်ဆွဲရင် ၁နာရီကျော်လောက်ကြာတာကို အခုက တစ်နာရီတောင်မရှိသေးဘူး။ နောက်ဆိုရင် သူမရဲ့အရှိန်က မြန်လာနိုင်ကာ ပန်းချီတစ်ချပ်ကို မိနစ်၂၀လောက်နဲ့ ပြီးလောက်သည်။
ဒါပေမဲ့ ဒီနေ့…
စားပွဲပေါ်က လက်ရာကိုကြည့်ကာ ရှီးရှီး ရဲ့နှုတ်ခမ်းထောင့်တွေက ကော့တက်သွားခဲ့သည်။
YOU ARE READING
ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎
Romance#This is not my work. Name - Spending the villain's money to extend my life Author - Salted Lobster / 盐焗大龙虾