49+50+51+52

2.4K 306 20
                                    

Paid gp 1ပြီးပါပြီ ❤

ဗီလိန်ရဲ့ပိုက်ဆံအကုန် သုံးပစ်မယ်

အခန်း - ၄၉+၅၀
အခန်း - ၄၉ /အဓိကဇာတ်ကောင်ရဲ့နှစ်သက်မှု အဆင့် 2 သို့ ရောက်ရှိ 3 /

ဘာသာပြန်သူ - Emily

**

စက္ကန့်အနည်းငယ်ကြာပြီးတော့ သူမ အိမ်သာထဲဝင်သွားပြန်သည်။ အခု မနက်ခင်းမှာတော့ အိမ်သာထဲ ခဏခဏရောက်နေပြီဖြစ်ကာ ပိုပိုပြီးဖြူရော်လာတော့သည်။

ဆန်ပြုတ်က အသုံးမဝင်ဘူး! အိမ်ထိန်းဆီက ဆေးကလည်း မထိရောက်ဘူး!

အသက်ဘားတန်းကလည်း လျော့ကျနေတုန်းပဲ!

"မစ်ဂူ ထိုင်ခုံမှာထိုင်ချင်လား? ချွေးတွေတအားထွက်နေပြီ"

အစေခံမလေးက သူမအနားကနေ ထွက်သွားရမှာကိုတောင် ကြောက်နေမိသည်။

"ဒါနဲ့ စကားမစပ် ကျွန်မက ရှင့်ကိုလာရှာတာပါ။ မနေ့ညက အသုံးမလိုတော့တဲ့ အဝတ်တွေအကြောင်း အိမ်ထိန်းကိုပြောနေတာကြားလို့ပါ။ ဆိုဖာပေါ်က အဝတ်ကိုပြောတာလားမသိဘူး"

"အင်း ဟုတ်တယ်။ အဲဒါကို သုံးလို့ရသေးလားတော့ မသိတော့ဘူး။ မဟုတ်ရင်လည်း လှူလိုက်တော့လေ။ ပြန်လည်အသုံးပြုတာက ကောင်းတယ်။ လွှင့်ပစ်ဖို့ကလည်း အရမ်းဖြုန်းတီးရာရောက်…"

အဝတ်တွေက ဝတ်ထားပြီးဆိုပေမဲ့ အရမ်းဈေးကြီးသည်။ လွှင့်ပစ်လိုက်ရင် ဖြုန်းတီးရာကျလိမ့်မယ်။ ဒါက သူမပြောချင်တဲ့စကားပါ။ ဒါပေမဲ့ သူမ ပြောလို့မပြီးခင် နောက်ကျောအေးစိမ့်စိမ့်ဖြစ်သွားသည်။ သူမ လှည့်ကြည့်လိုက်တော့ မျက်နှာမဲကြီးနဲ့ရပ်နေတဲ့ ဟော်စစ်ရှန်းကိုတွေ့လိုက်ရသည်။ သူက သူမအနောက်မှာ အရိပ်လိုရပ်နေကာ သူ့ဘေးနားမှာ စီယီကရပ်နေသည်။

(ဟော်စစ်ရှန်းရဲ့နှစ်သက်မှုက အဆင့် 0ဖြစ်သွားပါပြီ)

WTF!

ငါ ဘာပြောခဲ့မိလို့လဲ?

"အမှိုက်တွေကို လွှင့်ပစ်လိုက်! ဘယ်သူမှ ပြန်ဝတ်နေစရာမလိုဘူး!"

ပြီးတော့ သူမကို ပြန်မကြည့်တော့ပဲ သူမဘေးကနေ ဖြတ်လျှောက်သွားသည်။

ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎Where stories live. Discover now