ဗီလိန်ရဲ့ပိုက်ဆံအကုန် သုံးပစ်မယ်
အခန်း - ၉၁+၉၂
အခန်း - ၉၁/သူမထွက်သွားရမယ်ဆိုရင် ဂူရှီးရှီးပါ သူမနဲ့အတူ ထွက်သွားရလိမ့်မယ်/**
"ဒီလိုရိုင်းပြတဲ့အပြုအမူကို မဒမ်ချန်က စိတ်မရှိဘူးဆိုရင်တောင်မှ နင်က ဆင်ခြင်သင့်တယ်လေ။ ငါ့ဒရိုင်ဘာက အခုလောက်ဆို အဝေးကိုမရောက်လောက်သေးဘူး။ ငါ သူ့ကိုပြန်ခေါ်ပြီး နင့်ကို ဆေးရုံလိုက်ပို့ခိုင်းလိုက်မယ်နော်"
ဂူဝူရွှမ်းကြောင်သွားသည်။
"ဒီနားက AAAအဆင့်ဆေးရုံက...အိုး ကောလီဆေးရုံက ဒီနေရာနဲ့အရမ်းနီးတယ်။ မီတာ 500လောက်ပဲဝေးတယ်ထင်တယ်။ နင် ငါးမိနစ်လောက်ပဲ ကားစီးရမှာ"
ဂူရှီးရှီး စကားပြောရင်း လမ်းလျှောက်လာကာ ဂူဝူရွှမ်းရဲ့လက်ကို ကိုင်လိုက်သည်။"နင့်နှလုံးအခြေနေက ကိစ္စသေးမဟုတ်ဘူး။ ငါတို့ အချိန်ထပ်မဖြုန်းသင့်ဘူး"
ဂူဝူရွှမ်း ချက်ချင်းဖြူဖျော့သွားသည်။
"ငါ..ငါအခု ခံစားရသက်သာနေပြီ"
ဘယ်ဘက်ရင်ဘတ်ကို အုပ်ထားတဲ့ လက်ကို ဖယ်ချိုက်သည်။
အမှန်ဆို သူမက ဂူရှီးရှီးကို အရှက်ခွဲချင်တာလေ။ ဘယ်လိုလုပ်ပြီး ဂူရှီးရှီးက စကားနှစ်ခွန်းသုံးခွန်းလောက်နဲ့ ကစားဝိုင်းကို ပြောင်းပြန်လှန်ပြီး သူမကို စားသောက်ပွဲကနေ နှင်ထုတ်နေရတာလဲ?
သူမသာထွက်သွားရင် ဂူရှီးရှီးက ဂူမိသားစုရဲ့တစ်ဦးတည်းသောသမီးဆိုပြီး ပွဲထွက်သွားမှာမဟုတ်ဘူးလား? လူတိုင်းရဲ့အရှေ့မှာ ဂူရှီးရှီးမတောက်ပနိုင်အောင် အစွမ်းကုန်သုံးပြီး သတင်းတွေဖြန့်ထားတာ အခု သူမထွက်သွားရင် လုပ်ထားသမျှက အရာမထင်ဖြစ်သွားမှာပေါ့။
မသွားဘူး!
"အိုင်းယား...သန်မာချင်ယောင်ဆောင်မနေနဲ့။ နှလုံးရောဂါဆိုတာ မိနစ်အနည်းငယ် နောက်ကျသွားတာနဲ့တင် သေခြင်းရှင်ခြင်းကွဲပြားသွားစေတဲ့ ရောဂါနော်"
ရှီးရှီး လော်ဖျင်ထျန်းကို ဂူဝူရွှမ်းအနားကနေ ခွာထုတ်လိုက်သည်။
YOU ARE READING
ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎
Romance#This is not my work. Name - Spending the villain's money to extend my life Author - Salted Lobster / 盐焗大龙虾