ဗီလိန်ရဲ့ပိုက်ဆံအကုန် သုံးပစ်မယ်
အခန်း - ၉၇+၉၈
အခန်း - ၉၇ /အဖွားချန်နဲ့ တွေ့ဆုံခြင်း/**
မကြာခင်မှာပဲ အနက်ရောင်ဝတ်စုံနဲ့အလှလေးတစ်ယောက်က ရှန်ပိန်တစ်ခွက်ကိုင်ပြီး ဂူရှီးရှီးပခုံးကို အသာလေး ပခုံးချင်းတိုက်လိုက်ကာ
"မစ်ဂူ ဒီနေ့ နင် အဖွားချန်ရဲ့မွေးနေ့အတွက် ဘယ်လိုပြင်ဆင်လာလဲဆိုတာကို ငါသိချင်လိုက်တာ။ ရွှမ်းရွှမ်းကတော့ နင် ဒီနေ့ အဖွားချင်အတွက် လက်ဆောင်အကြီးကြီးပြင်ဆင်ထားတယ်လို့ ငါတို့ကိုပြောခဲ့တယ်။"
သူမ ပြောပြီးတာနဲ့ သိပ်မလှမ်းမကမ်းကနေ အသက်ကြီးကြီးအမျိုးသမီးတစ်စု လမ်းလျှောက်လာကြသည်။ အမျိုးသမီးစုရဲ့အလယ်မှာတော့ တုတ်ကောက်ကိုင်ထားတဲ့ အဖွားအိုတစ်ယောက် ပါလာသည်။
အဖွားအိုရဲ့ဆံပင်တွေက ငွေရောင်သန်းနေပြီဖြစ်ကာ လှပတဲ့အပြုံးချိုချိုလေးကို မျက်နှာမှာ ပန်ဆင်ထားသည်။ သူမက အနီရင့်ရောင်ဝတ်စုံဝတ်ထားကာ ပုံပြင်ဆန်ဆန်ပဲ ပေါ်ထွက်လာပြီ။ သူမက ဒီနေ့မွေးနေ့ရဲ့ စတားပဲလေ။
"အဖွားချန်"
ချမ်းသာတဲ့မမလေးတွေအုပ်စုက ချွဲပစ်တဲ့အသံနဲ့ခေါ်လိုက်ကြသည်။"သမီးတို့က ဒီမစ်ဂူ အဖွားအတွက် အကြာကြီးပြင်ဆင်ပေးထားတဲ့လက်ဆောင်အကြောင်း ပြောနေကြတာ"
"အိုး"
မဒမ်ချန်က ဂူရှီးရှီးကို ပြုံးကာကြည့်လာသည်။"နင်က မိန်းကလေးဂူလား? အတော်ကို လှတာပဲ။ နင့်မိဘတွေနဲ့ တော်တော်တူတာပဲ"
သူမရဲ့စကားလုံးတွေက ဖော်ရွေနေသည်။ဒီအထက်တန်းအသိုင်းအဝိုင်းတစ်ခုလုံးက ဂူရှီးရှီးက ကျေးလက်မှာ ကြီးပြင်းလာခဲ့တာကို သိကြသည်။ ဒါပေမဲ့ အရွယ်ရနေပြီဖြစ်တဲ့ မဒမ်ချန်ရဲ့မျက်လုံးထဲမှာတော့ သွေးသားရင်းကလွဲပြီး အခြားအရာတွေက အရေးမကြီးပေ။ ဂူရှီးရှီးကို မစ္စဂူကိုယ်တိုင် ဖွားမြင်ခဲ့တာကြောင့် ဂူရှီးရှီးနဲ့ဂူဝူရွှမ်းကို မဒမ်ချန်က နည်းနည်းတောင်မှ မနှိုင်းယှဉ်ခဲ့ပါ။
သူမက ဂူရှီးရှီးဘေးမှာရပ်နေတဲ့ သူမရဲ့မြေးမကိုကြည့်လိုက်သည်။
YOU ARE READING
ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎
Romance#This is not my work. Name - Spending the villain's money to extend my life Author - Salted Lobster / 盐焗大龙虾