ဗီလိန်ရဲ့ပိုက်ဆံအကုန် သုံးပစ်မယ်
အခန်း - ၁၁၉+၁၂၀
အခန်း - ၁၁၉
**
ဆယ်လ်မွန်ငါးကို ဘယ်လိုလုပ်ရမလဲဆိုတာ သူမ မသိဘူး။ ပင်လယ်စာထမင်းမချက်တတ်ဘူး။ ခရင်မ်နဲ့မှိုစွပ်ပြုတ်လည်း မလုပ်တတ်ဘူး… ခရမ်းချဉ်သီးနဲ့ကြက်ဥရောကြော်တာကလွဲပြီး သူမ လုပ်တတ်တာမရှိဘူး။
သူမ အသံလာရာကိုလှည့်ကြည့်လိုက်တော့ ဘော့စ်ဟော်က လှေကားထိပ်မှာရပ်ကာ သူမကို စိုက်ကြည့်နေသည်။ သူက မီးရောင်ကိုကျောခိုင်းပြီးရပ်နေတော့ သူ့မျက်နှာအမူရာကို သူမ ရှင်းရှင်းလင်းလင်း မမြင်ရပေ။
"ဒီငါးရက်မှာ မင်းလုပ်ရမယ့်အလုပ်တွေကို အိမ်ထိန်းလင်းက ပြောပြပေးလိုက်ပါ"
သူအသံက ပုံမှန်ကိစ္စတစ်ခုကိုပြောနေသလိုပဲ ပုံမှန်ဖြစ်လွန်းနေသည်။ ရှီးရှီး အနိုင်ကျင့်ခံနေရသလို ခံစားလိုက်ရသည်။
စကားပြောလိုက်တဲ့လူက ဘော့စ်လား? ငါးရက်လုံးလုံး သူမ ချက်ပြုတ်ပေးမယ်ဆိုတာကို ဘော့စ်က ရတယ်လို့ ပြောလိုက်တာလား။
ခဏ ခဏ ခဏလေး…အခု ငါက ကိုယ့်သေတွင်းကိုယ် တူးလိုက်ပြီလား။
သူမဘေးနားက စာဖိုမှူးကိုကြည့်လိုက်တော့ သူမကို ကျေးဇူးတင်နေတဲ့ ဘလင်းဘလင်းမျက်လုံးတွေနဲ့ကြည့်နေသည်။
"ဒါပေမဲ့ မိန်းကလေးဂူ…အကူညီတောင်းရင် များလွန်းရာကျမလား"
ရှီးရှီး နှုတ်ခမ်းကိုက်လိုက်သည်။ အရင်ကဆို သူမ တစ်ဘဝလုံး ချက်ပြုတ်လာခဲ့တာပဲလေ။ အင်း..တောင်းဆိုတာက များလွန်းတာပေါ့။
ဒါပေမဲ့ ပျော်နေပုံရတဲ့စာဖိုမှူးရဲ့မျက်လုံးတွေကိုကြည့်ပြီး သူမ မငြင်းရက်တော့။ သူက အချိန်အကြာကြီး နားရက်မယူပဲ နေ့တိုင်း ချက်ပြုတ်ပေးနေတာလေ။ ပြီးတော့ သူတောင်းတဲ့ခွင့်ရက်ကလည်း ၅ရက်ပဲလေ။
ပြီးတော့ ဘော့စ်ကလည်း သဘောတူပြီးသားကို သူမက ဘယ်လိုလုပ်ပြီး ငြင်းနိုင်ဦးမှာလဲ။ အင်း…ငါလုပ်နိုင်တယ်။
အနည်းဆုံးတော့ စားစရာကိုစားလို့ရအောင်တော့ ချက်နိုင်မှာပါ။
YOU ARE READING
ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎
Romance#This is not my work. Name - Spending the villain's money to extend my life Author - Salted Lobster / 盐焗大龙虾