17+18

2.7K 404 5
                                    

ဗီလိန်ရဲ့ပိုက်ဆံအကုန် သုံးပစ်မယ်

အခန်း - ၁၇ /နွေရာသီ အသားအရေအေးဆေးလုံး - 4/

ဘာသာပြန်သူ - Emily

**

"ဘာလဲ?"
အသံတိုးတိုးလေးကပင် အရမ်းကိုအေးစက်နေသည်။

ဟော်စစ်ရှန်း သူ့အရှေ့မှာရပ်နေတဲ့ ကောင်မလေးရဲ့ခြေထောက်တွေကို ငုံ့ကြည့်လိုက်ကာ သူ့နှုတ်ခမ်းတွေမှာ ထေ့ငေါ့တဲ့အပြုံးတစ်ခုဖြစ်တည်လာသည်။

သူမက ထပ်ပြီးတော့ ရှေ့မတိုးလာဘူး...

သူ့ကိုချစ်တယ်ပြောပြီးတော့ သူနဲ့အကွာအဝေးတစ်ခုမှာ နေခဲ့တဲ့ သူ့အမေလိုမျိုးပဲ။

"မင်း အခု ငါ့ကိုကြောက်နေတာလား?"
ဟော်စစ်ရှန်း သူမကို တိုက်ရိုက်ပဲကြည့်ကာ မေးလိုက်သည်။

ဂူရှီးရှီး တံတွေးမြိုချလိုက်သည်။ အမှန်တရားကိုပြောလိုက်ရင် သူ သူမကို ထသတ်မှာလည်း ကြောက်ရသေးသည်။ ဒါပေမဲ့ သူ့အကြည့်တွေက မယုံကြည်နိုင်လောက်အောင်ကို ရင်းနှီးနေသည်။

ဟော်စစ်ရှန်း ရယ်သံတိုးတိုးလေးထွက်လာသည်။

အာ... သူမကလည်း အခြားသူတွေလိုမျိုးပဲ။ သူမက အမှန်အတိုင်းပြောရမှာကိုကြောက်လို့ ခေါင်းကိုတောင် ငုံ့ချထားသေးတယ်။ ဒီလိုပုံစံမျိုးကို သူ တွေ့ဖူးတာ ရိုးနေပါပြီ။

သူ့အမေ သူ့အဖွား သူ့အစ်ကို သူ့အိမ်က အစေခံတွေ... ပြီးတော့ သူငယ်ချင်းတွေ...

အင်း သူက သူ့အဖေ သူ့အဖိုးနဲ့ သူ့ရဲ့ဇနီးလောင်းတွေကို သေစေခဲ့တဲ့ မကောင်းတဲ့ကံကြမ္မာတွေနဲ့ မွေးဖွားလာတဲ့သူမို့လို့... လူတိုင်းက သူ့ကို ရှောင်ချင်ကြတယ်လေ။

"အာ.. မစ္စတာဟော် ကျွန်မက ရှင့်ကုတ်ကို ပြန်လာပေးပြီးတော့ ကျွန်မကို အဝတ်အစားအသစ်တွေ ဝယ်ပေးတဲ့အတွက် ကျေးဇူးတင်စကားလာပြောတာပါ"

ဂူရှီးရှီး သူ့ရဲ့အေးစက်ပြီး ကြောက်စရာကောင်းတဲ့မျက်လုံးတွေကို ခိုးကြည့်ကာ သူမရဲ့လာရင်းကိစ္စကိုပြောလိုက်သည်။

သူ့နှုတ်ခမ်းထောင့်က အပြုံးက ချက်ချင်း ရက်စက်တဲ့ပုံစံကိုပြောင်းသွားကာ
"လွှင့်ပစ်လိုက်"

ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎Where stories live. Discover now