131+132

1.1K 141 3
                                    

ဗီလိန်ရဲ့ပိုက်ဆံအကုန် သုံးပစ်မယ်

အခန်း - ၁၃၁+၁၃၂
အခန်း - ၁၃၁

**

သိပ်မကြာပဲ ချန်ခယ့်ရှင်းပြန်စာပြန်ရလိုက်သည်။
(အမ်..တိုက်ဆိုင်လိုက်တာ။ နင် သူတို့ဆီရောက်သွားတာလား။ ငါ့အစ်ကိုက အဲဒီကိုသူလည်းသွားချင်တယ်လို့ပြောခဲ့တာ။ ဒါပေမဲ့ သူက အလုပ်ရှိနေတယ်လေ။ ဘယ်လိုဖြစ်သွားလဲ။ ငါ့ကိုပြောပြဦး။ အဲဒီဟာမ အရှက်ကွဲသွားလား)

ချန်ခယ့်ရှင်းမျက်နှာမဲမှောင်သွားသည်။ ဖျင်းထျန်နဲ့ဝူရွှမ်းရဲ့လုပ်ရပ်တွေကို ပိုပြီးတော့ မနှစ်မြို့ဖြစ်လာသည်။ သူမအနေနဲ့ ဂူရှီးရှီးက ဝူရွှမ်းကို အခက်ခဲဖြစ်အောင်လုပ်တာကို မမြင်ဖူးသေးဘူး။ ဒါပေမဲ့ သူတို့နှစ်ယောက်ကတော့ ဂူရှီးရှီးကို ပြဿနာရှာနေတာ တစ်ခါမကတော့။

အစောနတုန်းက ချန်ဝေ့ဝေ့ကိုတွေ့တုန်းကဆိုရင် သူမ တကယ်ရှက်သွားတာ။ ဘယ်သူမှမသိဘူးဆိုပေမဲ့ ရှက်စိတ်တို့ကဝင်လာခဲ့သည်။

ချန်ခယ့်ရှင်းသက်ပြင်းချကာ စာပြန်ပို့လိုက်သည်။
(ချန်ဝေ့ဝေ့က နင့်ကိုအသေးစိတ်ပြန်ပြောပြလိမ့်မယ်)

အရှက်ခွဲမယ်? ဂူရှီးရှီးကိုလား?

ဘယ်သူက အရှက်ကွဲမလဲတဲ့။ အခုဆို သူတို့နဲ့တစ်ဖွဲ့တည်းပေါင်းနေရတာကိုတောင် သူမ အရှက်ရနေပြီ။

(ဖျင်းထျန် ငါတို့အခြားကိစ္စတွေမရှိဘူးဆိုရင် ဂူရှီးရှီးကို နှောင့်ယှက်နေတာကိုရပ်လိုက်ကြရအောင်။ ဘာပဲဖြစ်ဖြစ် သူမက ပျောက်ဆုံးသွားတဲ့သမီးအရင်းပဲလေ။ သူမကံက အရမ်းကောင်းနေတာမှမဟုတ်တာ။ ငါတို့ သူမအလုပ်ကိုဝင်မပါသင့်တော့ဘူးလို့ ထင်တယ်)

ချန်ခယ့်ရှင်း ထိုစာကိုပို့လိုက်သည်။

(ခယ့်ခယ့် နင်ဘယ်လိုလုပ်ပြီး ဒီလို ပြောရတာလဲ။ ငါတို့က ဝူရွှမ်းနဲ့အတူတူကြီးပြင်းလာတာလေ။ အခု ဝူရွှမ်းက ပြဿနာဖြစ်နေတာကို နင်က လက်လေးတစ်ဖက်တောင် မကူညီနိုင်ဘူးလား။ ပြီးတော့ နင့်အဖွားမွေးနေ့တုန်းက ဂူရှီးရှီးက ဝူရွှမ်းကို ဘယ်လိုအရှက်ခွဲခဲ့လဲဆိုတာကို သိလား။ နင်အခု ဘယ်သူ့ဘက်ကလဲ)

ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎Where stories live. Discover now