143+144

1.6K 131 13
                                    

ဗီလိန်ရဲ့ပိုက်ဆံအကုန် သုံးပစ်မယ်

အခန်း - ၁၄၃+၁၄၄

အခန်း - ၁၄၃

**

လီချိန်ကျန့် လုပ်ငန်းသဘောကိုဘေးချိတ်ကာ ပုဂ္ဂိုလ်ရေးအရ သူ့သမီးကို တောင်းပန်ခိုင်းလိုက်သည်။

"အခုကစပြီး တူမလေးဂူနဲ့သူငယ်ချင်းလုပ်ပြီး သူမကိုဂရုစိုက်ပေးရမယ်။ မဟုတ်ရင် မင်းကို မုန့်ဖိုးမပေးတော့ဘူး"

လူတိုင်းက အောက်ခြေကစပြီးတော့ ဒီနေ့ဒီအချိန်အထိ ကြိုးစားလာခဲ့ရတာလေ။

"မင်းအဖိုးလည်း ဘာမှမလုပ်နိုင်ဘူး။ သူက ဖြောင့်မတ်တဲ့သူမှန်းသိရဲ့သားနဲ့။ ရှောင်ရူ သမီးက သမီးအဖိုးကို အရှက်ခွဲခဲ့တာနော်"

လီချိန်ကျန့်က စကားပြောပြီးတာနဲ့ ဂူရှီးရှီး စီစတမ်ဆီကနေ အသံကြားလိုက်ရသည်။

(ဒင် လီချိန်ကျန့်ဆီက နှစ်သက်မှုရရှိပါတယ်)

ဂူရှီးရှီး အံ့သြသွားသည်။ လီယီရူလည်း အံ့သြနေရသည်။

"…အဖေ ဘာပြောလိုက်တာလဲ"

တောင်းပန်ယုံပဲမဟုတ်လား။ ဘယ်လိုလုပ်ပြီး သူငယ်ချင်းလုပ်ပြီး စောင့်ရှောက်တာကို ရောက်သွားတာလဲ။

"တော်တော့။ မင်းက ဒီလိုမလုပ်ချင်ဘူးလား"
လီချိန်ကျန့်က ပိုပိုဒေါသထွက်လာပုံပေါ်ကာ
"ဒါဆို အခုကစပြီး အိမ်ကမိသားစုကုမ္ပဏီကနေ အလုပ်ထွက်ပြီး ကိုယ့်ဘာသာကိုယ် အလုပ်ရှာတော့"

ပြောလိုက်ပြီးတော့ လီချိန်ကျန့်ကိုယ်တိုင် သူ့စကားကြောင့်သူ ရှော့ခ်ရသွားသည်။ ပြောလိုက်မိတာကို ချက်ချင်းနာက်တရသွားပေမယ့် ဒီအကြံက မဆိုးဘူးလို့လည်း ထင်မိပြန်သည်။

သူ့သမီးက ပေါ့ပေါ့ပါးပါးကြီးပြင်းလာတော့ အရာရာကိုပေါ့ပေါ့ပါးပါးပဲ တွေးနေတာလေ။ ချမ်းသာတဲ့မိန်းကလေးသူငယ်ချင်းတွေကြားမှာ သူ့သမီးက စိတ်ထားအဆိုးဆုံးလိုပဲ။ စိတ်ထိန်းနိုင်တဲ့သူမဟုတ်ဘူး။

အခုက အဆင်ပြေနေသေးပေမယ့် အရွယ်တွေရလာတဲ့အထိ ဆက်ပြီး ဦးနှောက်မရှိသလိုဖြစ်နေရင် သူလည်း သူမကိုကယ်နိုင်မှာမဟုတ်ဘူး။ HBနဲ့ဖြစ်ခဲ့တဲ့အရာကိုတွေးမိရင်း သူ အံ့ကြိတ်လိုက်ကာ

You've reached the end of published parts.

⏰ Last updated: Oct 25, 2023 ⏰

Add this story to your Library to get notified about new parts!

ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎Where stories live. Discover now