79+80

1.9K 296 3
                                    

ဗီလိန်ရဲ့ပိုက်ဆံအကုန် သုံးပစ်မယ်

အခန်း - ၇၉+၈၀
အခန်း - ၇၉ /သူမရဲ့ဖန်တီးမှုတွေက ဝိဥာဉ်ကင်းမဲ့နေခဲ့တာလား?

ဘာသာပြန်သူ - Emily

**

မနက် 10နာရီ

ရှီးရှီး သူမအခုနကမှ ရလိုက်တဲ့ ဒေါ်လာ 4000လောက်တန်တဲ့ foot spaကို ကြည့်နေခဲ့သည်။ သူမရဲ့အရင်ဘဝမှာဆိုရင် ဒေါ်လာ 200တန်တဲ့ ဟာကိုပဲ သုံးဖူးတာ။ အခုက အရမ်းကို အဆင့်မြင့်သွားတာပဲ။

ခဏလောက်သေသေချာချာ စဉ်းစားပြီးမှ ခပ်ကြီးကြီးနဲ့ အသေးစိတ်ကျကျပုံဆွဲဖို့ ဆုံးဖြတ်လိုက်သည်။ သူမ ရေနည်းနည်းလောင်းထည့်လိုက်ပြီး အပူပေးလိုက်သည်။ ပြီးတော့ ရေရဲ့အပူချိန်ကို စစ်ဆေးလိုက်သည်။ နေလို့ကောင်းလိုက်တာ။

ရှီးရှီး ခုံမှာသက်တောင့်သက်သာဖြစ်အောင် အရင်ထိုင်လိုက်ပြီးမှ စုတ်တံကိုင်လိုက်သည်။ သူမအနေနဲ့ ကိုယ်ပိုင်မက်မွန်သီးပုံစံများစွာ ဆွဲဖူးသည်။ ဒါကြောင့် ဒီနေ့ကတော့ ကိုယ်ကိုယ့်ကိုယ် စိန်ခေါ်ဖို့ ဆုံးဖြတ်ထားသည်။

သူမ ကလေးတွေကို မက်မွန်သီးပေးနေသည့် ပုံကိုဆွဲဖို့ပြင်ထားခဲ့သည်။ လူကြီးတွေ..အထူးသဖြင့် ချမ်းသာတဲ့မိသားစုက လူကြီးတွေက ကလေးတွေအများကြီးလိုချင်ကြတဲ့သူများသည်။ ကလေးပိုများလေလေ ပိုပြီးကံကောင်းလေလေလို့ သူတို့က ယုံကြည်ကြသည်။

ဒါကြောင့် သူမ ကလေး 4 5ယောက်ပုံဆွဲဖို့ပြင်ထားသည်။ အားလုံးက သက်ရှည်မက်မွန်သီးကမ်းပေးနေသည့်ပုံဖြစ်သည်။ ငှက်လေးတွေ ပန်းပွင့်လေးတွေရဲ့ပုံလည်း ပါသေးသည်။

ဒီလိုဆိုရင် ပန်းချီက ချမ်းသာတဲ့ပုံကိုပဲ ဖော်ညွှန်းတာမဟုတ်တော့ပဲ သက်ဝင်လှုပ်ရှားနေတဲ့ ပွဲတော်တစ်ခုကိုပါ ဖော်ကျူးပေးလိမ့်မည်။

သူမ စာရွက်ပေါ်မှာ စုတ်ချက်တွေမဆွဲခင် ခေါင်းထဲမှာအရင် အစီစဉ်ချလိုက်သည်။ ဒါပေမဲ့ ဘယ်ဘက် ညာဘက်ခေါင်းလှည့်ကြည့်ပေမဲ့ တစ်ခုခုမှားနေသလို ခံစားနေရသည်။

"အနုပညာအတွေးနဲ့တွေးရင် …နည်းနည်း ကင်းမဲ့နေသလိုပဲ"
ရှီးရှီး သက်ပြင်းချလိုက်သည်။

ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎Where stories live. Discover now