ဗီလိန်ရဲ့ပိုက်ဆံအကုန် သုံးပစ်မယ်
အခန်း - ၉၅+၉၆
အခန်း - ၉၅ /ဂူရှီးရှီး ဘာလုပ်နေတာလဲ?/**
ဂူရှီးရှီး မူလပိုင်ရှင်အတွက် သနားမှုက မိနစ်အနည်းငယ်လောက်ပဲခံသည်။ ခဏအတွင်းမှာ သူမ ဘူဖေးဧရိယာ ဘက်ကို သွားလိုက်သည်။
ဆူရှီ၊ ခရု၊ ဂဏန်းလက်မကြီးတွေ...ကြက်ကြော်၊ အမဲသားကင်၊ စွပ်ပြုတ်...အချိုဧရိယာဘက်မှာတော့ ချောကလက်နဲ့ အခြားအချိုပွဲများစွာရှိသည်။
ပြီးတော့ ပုစွန်ဖက်ထုပ်ပေါင်း၊ ဖက်ထုပ်ပြုတ်၊ အချိုကြော်...ခေါက်ဆွဲကြော်၊ ထမင်းကြော် နဲ့ အခြားဟင်းတွေလည်း ရှိသေးသည်။
ရှီးရှီး ဗိုက်ဆာသွားသည်။
အရင်ဘဝက သူမဆရာက သူမကို အိမ်မှာပဲနေပြီး တစ်ချိန်လုံးလေ့ကျင့်ခိုင်းထားသည်။ ရံဖန်ရံခါ အပြင်ထွက်ရတဲ့အချိန်လေးမှသာ ဘူဖေးစားခွင့်ရခဲ့သည်။
အခု အရသာရှိတဲ့ စားစရာတွေကိုမြင်တာနဲ့ သူမ မနေနိုင်တော့ပဲ ပန်းကန်ပြားတစ်ချပ်ကို ဆွဲယူလိုက်သည်။ ခြေလှမ်းတောင်မှ ပုံမှန်ထက် 2ဆမြန်နေသည်။ ပုံရိပ်ကိုထိန်းပြီး ရှက်နေရမှာလား? နိုးပဲ။ အရှေ့တည့်တည့်မှာ စားကောင်းသောက်ဖွယ်တွေကိုထားပြီး အခြားသူတွေကို ဂရုစိုက်နေရဦးမှာလား?
ကယ်လိုရီတွေကို ခေါင်းထဲတွက်ချက်လိုက်ပြီး စားနိုင်လောက်မယ့် ပမာဏလောက်ကိုပဲ တွေးကာ ယူလိုက်သည်။ နေ့လည်တုန်းက အများကြီးစားထားတာကြောင့် ညစာအနေနဲ့ အများကြီးစားလို့မဖြစ်။
ရှီးရှီး ဆူရှီတန်းဘက်ကိုအရင်ရောက်သွားသည်။ သူမ ငါးအသားနှစ်တုံးယူမလို့ပြင်လိုက်တော့ တစ်ယောက်ယောက်က သူမကို ဝင်တိုက်လိုက်သည်။ လက်တစ်ဖက်က ဗန်းကိုင်ထားတာကြောင့် ရှီးရှီး ဟန်ချက်ပျက်ကာ တစ်ဖက်ကို လှဲကျသွားသည်။ ထိုအချိန် ဝိုင်ခွက်ကလည်း သူမဘက်ကို မှောက်ကျလာသည်။
"အား!"
ဝိုင်နီခွက်မှောက်ကျသွားတဲ့ ကောင်မလေးက အော်လိုက်သည်။သူတို့နှစ်ယောက်ကြားက အဖြစ်ပျက်က အခြားလူတွေရဲ့အာရုံကို ဖမ်းစားနိုင်သွားသည်။
YOU ARE READING
ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎
Romance#This is not my work. Name - Spending the villain's money to extend my life Author - Salted Lobster / 盐焗大龙虾