107+108

1.3K 210 1
                                    

ဗီလိန်ရဲ့ပိုက်ဆံအကုန် သုံးပစ်မယ်

အခန်း - ၁၀၇+၁၀၈

အခန်း - ၁၀၇ /သူမက မစ်ဂူကိုယ်ပေါ်ကို ဝိုင်နီလောင်းချတဲ့အထိ ရဲတင်းခဲ့တာလား/

**

ဟော်စစ်ရှန်းအခန်းထဲပြန်ရောက်တာနဲ့ စီယီက တံခါးခေါက်ကာ ဝင်လာခဲ့သည်။

"ဘော့စ် မိန်းကလေးဂူအပေါ် မီးဆိုင်းပြုတ်ကျတဲ့မတော်တဆမှုက တစ်စုံတစ်ရာကို သိရပါပြီ။ စံအိမ်က မီးဆိုင်းအားလုံးက အထူးစပါယ်ရှယ်တွေချည်းပါပဲ။ ဒါပေမဲ့ လျှောက်လမ်းက မီးဆိုင်းကိုက လွန်ခဲ့တဲ့တစ်ပတ်ကမှ ရုတ်တရက်ကြီး အသစ်ပြန်လဲထားတာပါတဲ့"
စီယီရဲ့မျက်နှာက မျက်မှောင်ကျုံ့နေသည်။

"လဲလှယ်တဲ့အလုပ်သမားက အိမ်ပြန်ရမယ့်ကိစ္စရှိလို့ သူ့ဇနီးနဲ့အိမ်ပြန်သွားပါတယ်တဲ့။ ဒါပေမဲ့ လွန်ခဲ့တဲ့ သုံးရက်က ရှာဖွေတွေ့ရှိခဲ့ရတာကတော့ သူက အိမ်ပြန်တာမဟုတ်ပဲ နိုင်ငံကနေ ထွက်သွားတာပါ"
စကားပြောနေရင်း စီယီရဲ့ခေါင်းက အောက်ငုံ့နေသည်။ သူ ခေါင်းမမော့ရဲ။

ဟော်စစ်ရှန်းရဲ့မျက်ဝန်းနက်နက်တွေက သူ့ကိုကြည့်လာသည်။ ထိုအကြည့်တစ်ချက်က သူ့ကို တုန်လှုပ်စေဖို့ လုံလောက်သည်။ ဒါပေမဲ့ စီယီ ဒူးတွေပျော့ခွေမသွားအောင် ကြိုးစားလိုက်သည်။

"နောက်ကွယ်ကလူကို မဖော်ထုတ်ရသေးပါဘူး။ စံအိမ်က လူတွေကို အသစ်ပြန်…"

ဘန်း!

ဟော်စစ်ရှန်းရဲ့လက်ထဲက ဘောပင်က နှစ်ပိုင်းကျိုးသွားသည်။

"ငါ မင်းကို သုံးရက်အချိန်ပေးမယ်"
သူ့အသံက အေးစက်လွန်းကာ မှောင်မိုက်တဲ့ခံစားချက်ကို ပေးစွမ်းသည်။

"ဘယ်သူဆိုတာကို ဂရုမစိုက်ဘူး။ သူတို့က ငါ့ကို လာရောက်ထိပါးရဲရင် တန်ဖိုးအတိုင်းပြန်ခံစားစေရမယ်"

"ဟုတ်ကဲ့ သခင်"

မီးဆိုင်းပြုတ်ကျတာက မတော်တဆမဟုတ်ဘူး။ တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိလုပ်ထားတာ။ စံအိမ်မှာတစ်ခုခုဖြစ်တိုင်း ဟော်စစ်ရှန်းနဲ့နီးကပ်မှုကြောင့်လို့ ခေါင်းစဉ်တပ်နေကြဖြစ်တော့ ဒီတစ်ခါလည်း ဒီအတိုင်း ကျော်သွားမယ်လို့ ထင်နေကြတာဖြစ်မည်။

ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎Where stories live. Discover now