89+90

1.6K 278 2
                                    

ဗီလိန်ရဲ့ပိုက်ဆံအကုန် သုံးပစ်မယ်

အခန်း - ၈၉+၉၀
အခန်း - ၈၉/ ငါကသူမဘဝကို အစက်ထင်စေတဲ့တစ်ယောက်…/

**

ဂူဝူရွှမ်းကို လျော့တွက်မိသွားတာပဲ။

ရှီးရှီး ဂူဝူရွှမ်းကို ချက်ချင်းဖုန်းခေါ်လိုက်သည်။ ကိုယ်က မူလပိုင်ရှင်လို သမီးအတုအရှေ့မှာ အားနည်းချက်ကို ပြမှာမဟုတ်ဘူး။

မေးစရာရှိတာကို တိုက်ရိုက်မေးရမယ်။ ကိုယ်က ဝင်ပေါက်အရှေ့မှာ အစောင့်နဲ့ရန်ဖြစ်နေမယ်လို့ ဂူဝူရွှမ်းက ထင်နေတာလား?

"ဟိုင်း ဝူရွှမ်း ငါ ရောက်နေပြီ။ ငါ့ကို လာခေါ်ပါလား?"

ငါဆိုတာက ရှက်နေမှာမဟုတ်ဘူး။

ဂူဝူရွှမ်းရဲ့ခြေသံတွေကို ဖုန်းထဲကနေ ကြားလိုက်ရသည်။ ထို့နောက် နူးညံ့တဲ့အသံလေးထွက်လာသည်။

"အိုး ရှီးရှီး။ ဆောရီး။ ငါ နင့်ကို ဖိတ်စာပို့ဖို့မေ့သွားသည်။ သူတို့ကို ငါ့နာမည်ပြောလိုက်ရုံပဲ။ နင့်ကို ဝင်ခွင့်ပြုလိမ့်မယ်"

ရှီးရှီး နှုတ်ခမ်းတွန့်သွားသည်။

"ဒါက အကြံကောင်းလို့တော့ ငါမထင်ဘူး။ ငါ့မှာ ဖိတ်စာမရှိဘူးလေ။ ငါ ကိုယ့်ဘာသာဝင်လာရင်လည်း ငါ့ကိုဖိတ်တဲ့သူမရှိပဲ ပွဲတက်လာတာနဲ့ မတူဘူးလား?"

ဖုန်းတစ်ဖက်က လူက တိတ်ဆိတ်သွားသည်။

"အခုက အားလုံးက ဖုန်းထဲကနေပဲ ဖိတ်စာပို့တာ။ ငါ နင့်ကို wechatကနေ ပို့လိုက်မယ်"

အိုး..ဟုတ်လား? ဘာလို့ အစကတည်းက မပို့လဲ?

ရှီးရှီး မလှောင်ရယ်ပဲမနေနိုင်။

"အိုင်းယား ငါက နင်ကိုယ်တိုင် လာခေါ်စေချင်တာလေ။ ဒါမှ ငါလည်း လမ်းတွေမမှားတော့မှာ။ ငါသာ လမ်းမှားပြီး တစ်ယောက်ယောက်ကိုတိုက်မိသွားရင် နင်လာဖြေးရှင်းပေးနေရမှာ စိုးလို့ပါ။ မဟုတ်ရင်လည်း အမေ့ကို ခေါ်လိုက်ရမှာမို့"

မူလပိုင်ရှင်ရဲ့အမေရင်းက မူလပိုင်ရှင်ကို အရမ်းချစ်ခဲ့တာမဟုတ်ဘူး။ ဒါပေမဲ့ ဂူဝူရွှမ်းကိုလည်း အရမ်းမယုံကြည်တတ်ဘူး။

ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎Where stories live. Discover now