29+30+31+32

2.8K 389 6
                                    

ဗီလိန်ရဲ့ပိုက်ဆံအကုန် သုံးပစ်မယ်

အခန်း - ၂၉ /တစ်ယောက်ယောက်က ငါ့အတွက် ဝယ်ပေးတာ 2/

ဘာသာပြန်သူ - Emily

**

ကျောက်ရှန်းရဲ့အသံက ခဏလောက် တိတ်သွားပေမဲ့ ချက်ချင်း ထေ့ငေါ့ကာ ပြန်ပြောလာသည်။

"အဲလောက်တောင်လား? နင်စုထားတဲ့ပိုက်ဆံအကုန်သုံးလိုက်တာလား?"

သူတို့ အလုပ်သင်ကာလမှာ ရတဲ့လစာက ဒေါ်လာ4000ပဲ။ ဒါကြောင့် ဂူရှီးရှီးက ဒါတွေကို သူမရဲ့ပုံမှန်လစာနဲ့ဝယ်လို့မရဘူးဆိုတာကို သေချာပေါက်ပြောနိုင်သည်။

ပြီးတော့ သူမက အဝတ်အစားအတွက်ပဲ ဒေါ်လာ 20000ဖိုးလောက် အကုန်ခံနိုင်တယ်ပေါ့?

လူလိမ္မ!

ကျောက်ရှန်းက ဒါကို အဖြေရှာထုတ်ဖို့ကိုတောင် မလို။

ဒါပေမဲ့ ဂူရှီးရှီးက အမှန်အတိုင်းပဲ ပြန်ဖြေလိုက်သည်။
"မဟုတ်ပါဘူး။ တစ်ယောက်ယောက်က ငါ့အတွက် ဝယ်ပေးတာ"

"တစ်ယောက်ယောက်?"
ကျောက်ရှန်း ကြောင်သွားသည်။

လင်းရှောင်မိန်က ဒီလောက်ထိ ဝယ်ပေးနိုင်တဲ့လူမဟုတ်ပေ။ စတိုးမန်နေဂျာနဲ့ အခြားသူတွေကလည်း ဂူရှီးရှီးတို့ကို စိုက်ကြည့်လာသည်။

"တကယ်လား ရှီးရှီး? နင့် ကောင်လေးလား? နင့်ကို တစ်ယောက်ယောက်နဲ့ တွဲမမြင်ဖူးဘူးလားလို့?"

"နင့်ရဲ့ချမ်းသာတဲ့ကောင်လေးရဲ့ နောက်ခံက ဘာလဲ? ဘာလို့ ငါတို့နဲ့မိတ်ဆက်မပေးတာလဲ?"

စင်တာမှာက အမျိုးသမီးဝန်ထမ်းများတာကြောင့် အားလုံးက အတင်းအဖျင်းပြောရတာကို ကြိုက်ကြသည်။ အလုပ်ချိန်က အခုထိ မရောက်သေးတာကြောင့် အားလုံးက အလုပ်ကိစ္စကိုမေ့နေကြကာ ဝင်နားထောင်နေကြသည်။

မိန်းကလေးတစ်ယောက်ကို ဒီဇိုင်နာဘရန်းတွေဝယ်ပြီး ဆင်ပေးနိုင်တဲ့ အရည်အချင်းရှိတဲ့ ယောက်ျားတစ်ယောက်အကြောင်းကို ကြားရဖို့အတွက် အမျိုးသမီးအားလုံး သွေးဆူနေကြသည်။

ကျောက်ရှင်းက ဂူရှီးရှီးရဲ့လှပနေတဲ့မျက်နှာကိုကြည့်ကာ မနာလိုမှုနဲ့ မျက်စောင်းထိုးနေသည်။ သူမအနေနဲ့ ဒုတိယမျိုးဆက်ချမ်းသာတဲ့သခင်လေးတစ်ယောက်ကို လွန်ခဲ့တဲ့လကမှ ရှာတွေ့ထားသည်။ အခု ဂူရှီးရှီးကလည်း ချမ်းသာတဲ့ရည်းစားတစ်ယောက်ကို ရှာတွေ့ထားတာလား?ျ

ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎Where stories live. Discover now