ဗီလိန်ရဲ့ပိုက်ဆံအကုန် သုံးပစ်မယ်
အခန်း - ၅၇+၅၈
အခန်း - ၅၇ / သူက သူမကို သူနဲ့အတူတူ...အိပ်စေချင်နေတာလား? 5/
ဘာသာပြန်သူ - Emily
**
သူ့ အသက်ရှူငွေ့တွေ သူမမျက်နှာကိုလာရိုက်ခတ်တော့ ဂူရှီးရှီး ဆွံ့အကာ ခဏကြောင်သွားသည်။ သူမ မျက်မှောင်ကျုံ့မိတော့မလိုဖြစ်သွားပြီးမှ သူပြလာတဲ့ ပီအိုနီပန်းပွင့်ပုံကို မြင်လိုက်ရတော့ ပင့်သက်ရှိုက်မိသွားသည်။
ဘယ်လောက်တောင် မြူးကြွနေတဲ့ ပီအိုနီပန်းပွင့်လဲ?
တောက်ပတဲ့အနီရောင်က မှုန်မှုန်လးနဲ့ ပွင့်ဖတ်တိုင်းက အာရုံဖမ်းစားနိုင်သည်။ ရေဆေးနဲ့ဆွဲထားတဲ့ပုံဖြစ်တာတောင် တရုတ်မှင်ပန်းချီရဲ့အငွေ့အသက်အချို့တောင် ရနေသည်။ သူမ မနေနိုင်ပဲ သူမအရှေ့က ပန်းချီကားချပ်ကို ရူးရူးမူးမူးနဲ့ကြည့်နေမိသည်။
သူက သူ့အနားက ကျောက်ရှန်းကိုကျော်ပြီး သူမကိုလာမေးတဲ့အတွက် သိပ်ပြီးမသေချာပေမဲ့... အဲဒီလူက ဘာဖြစ်လို့ ထောင့်နားက သူမအနားကို ရောက်လာလဲဆိုတာ မသိပေမဲ့..
ပြီးတော့ သူက အရမ်းနီးကပ်လွန်းနေတဲ့အပြင် သူ့အသက်ရှူငွေ့ကတောင် သူမကို ထိခတ်နေပြီ...
ဒါပေမဲ့ သူ့ပန်းချီကားချပ်ကတော့ အပြစ်မရှိဘူးဆိုတာကို သူမ ပြောနိုင်သည်။
"အရမ်းလှတယ်"
ပန်းချီစင်တာနဲ့ သင်တန်းနည်းပြအဖြစ် စတင်လုပ်ကတည်းက သူမကို ခေါ်ပြီးကြည့်ခိုင်းတဲ့ လူတွေရဲ့ပန်းချီက ဒီလောက်လှတာကို သူ မတွေ့ဖူးပေ။ သူမ ခေါင်းညိမ့်ပြလိုက်ကာ
"ရှင့်ရဲ့စကေးက ရှင့်ဆရာမ ကျောက်ရှန်းထက်တောင် ပိုလှသေးတယ်။ ရွေးထားတဲ့အရောင်က အရမ်းလှသလို ပန်းချီစကေးကလည်း တော်တော်ကို သြချရလောက်တယ်"
သူမအနေနဲ့ သူ့ရဲ့အရည်အချင်းကို ချီးကျူးကြောင်း ပွင့်ပွင့်လင်းလင်းပဲပြောလိုက်သည်။
"နင် ဘာပြောလိုက်တာလဲ?"
အခုနက ဂူရှီးရှီးပြောလိုက်တဲ့စကားက ကျောက်ရှန်းကို သွေးအန်ချင်စေသွားသည်။ အခု ဂူရှီးရှီးက ပန်းချီသင်တန်းသားအားလုံးနဲ့ သူ့ရည်းစားရှေ့မှာ အရှက်ခွဲလိုက်တာလား?
YOU ARE READING
ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎
Romance#This is not my work. Name - Spending the villain's money to extend my life Author - Salted Lobster / 盐焗大龙虾