61 to 64

2.4K 356 2
                                    

ဗီလိန်ရဲ့ပိုက်ဆံအကုန် သုံးပစ်မယ်

အခန်း - ၆၁+၆၂

အခန်း - ၆၁ / သူက သူမကို သူနဲ့အတူတူ…အိပ်စေချင်…နေတာလား? 9/

ဘာသာပြန်သူ - Emily

**

အပြာရောင်မီးမှိန်မှိန်အောက်မှာ ဧည့်ခန်းကိုဖြတ်သွားမလို့ပြင်လိုက်တော့ တိုးညင်းပြီးအမိန့်ဆန်တဲ့အသံတစ်သံက ခပ်ဝေးဝေးကနေ အေးစက်စွာထွက်လာသည်။

"ဒီကိုလာဦး"

ဂူရှီးရှီးလန့်သွားကာ ဒူးတွေပျော့ခွေသွားမတတ်ပင်။ အသည်းငယ်လွန်းတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမှာပေါ့။

အဲဒီစူးရှရှအသံက သူမကို ကြက်သီးမွေးညင်းထောင်ထသွားစေသည်။ ဂူရှီးရှီးလှည့်ကာ ထွက်ပြေးမလို့ကြံလိုက်တုန်း အေးစက်စက်လက်တစ်ဖက်ထွက်လာကာ သူမရဲ့လက်ကောက်ဝတ်ကို လာဆွဲသည်!

"အား!"
ဂူရှီးရှီး အကျယ်ကြီးအော်လိုက်သည်။

"ပါးစပ်ပိတ်!"
ကြားနေကျ အသံဆိုးကြီးကိုကြားလိုက်ရသည်။

ဂူရှီးရှီး ပါးစပ်ပိတ်ကာ အသံလာရာဘက်ကိုကြည့်လိုက်သည်။ ပြီးမှ တုန်ရီနေတဲ့အသံနဲ့
"ဘေ..ဘော့စ်လား?"

မီးရောင်မှိန်မှိန်အောက်မှာ သူမ ဘေးနားထိုင်နေတဲ့ အနက်ရောင်ပုံရိပ်တစ်ခုကို သူမ တွေ့လိုက်ရသည်။ နက်မှောင်အေးစက်နေတဲ့မျက်လုံးတွေက သူမကို စိုက်ကြည့်နေပြီး ဒါကို သူမကို ကြောက်ရွံ့စေသည်။

ဟော်စစ်ရှန်းက ဘာဖြစ်တာလဲ?

ဂလု!

တစ်ဖက်လူက အခုထိ ဘာမှမလုပ်သေးသလို စကားလည်းမပြောသေးဘူး။ ဧည့်ခန်းက အရမ်းကို တိတ်ဆိတ်နေသည်။ ဂူရှီးရှီး ငိုချင်လာသည်။

သူမ ဖုန်းမီးကို သူ့မျက်နှာဘက်ကိုလှည့်ပြီး ဖွင့်လိုက်သည်။ လင်းထိန်နေတဲ့မီးရောင်က သူ့မျက်နှာပေါ်ကို တည့်တည့်ဖြန့်ကျက်သွားခဲ့သည်။

သူက အပြာရောင်ရေချိုးခန်းဝတ်စုံကို ခါးမှာ လျော့တိလျော့ရဲ့နဲ့ချည်ထားသည်။ သူက အရမ်းစိတ်မရှည်တတ်ဘူးပဲ။ သူမ အခုသူ့ရဲ့အပေါ်ပိုင်းက ကျစ်လျစ်မှုနဲ့သူ့ရဲ့ဂျူံမှုန့်လိုအသားအရေကို မြင်နေရတဲ့အပြင် လက်မောင်းကြွက်သွားအချို့ကိုပါ မြင်နေရသည်။

ဗီလိန်ရဲ့ပိုက်ဆံအကုန်လုံးကို ငါ့အတွက်သုံးပစ်မယ်😎Where stories live. Discover now