ဧည့်ခန်းအတွင်းမှာ..ဂျုံအင်
အတွေးများစွာနဲ့ထိုင်လို့နေသည်....။
Minho hyung ပြောပြခဲ့သည့်အကြောင်းအရာတွေရဲ့လားရာက အိုဆယ်ဟွန်း
ကလူကောင်းတစ်ယောက်ဆိုသည်ကို...။
အစ်ကိုမင်ဂျွန်းကပါ ဝင်ပါလာပြီဆိုတော့...
သူနည်းနည်းတော့လက်ခံချင်သလိုလိုခံစား
လာရသည်...။တကယ်တော့ သူလဲ အိုဆယ်ဟွန်း ရဲ့
မျက်ဝန်းတွေမှာ...ရိုးသားမှုတွေ
သဘောထားပြည့်ဝမှုတွေကိုခံစားလို့ရခဲ့
ပါတယ်....။
ဒါပေမယ့်...မိဘတွေကိစ္စကခေါင်းထဲဝင်လာ
တော့ အိုဆယ်ဟွန်း ကိုဘယ်လိုမှလက်မခံ
နိုင်ဘူးဆိုတဲ့အတွေးပဲဝင် ဝင်လာနေတာ..။~ဂျောက်~
ထိုစဉ် အိမ်တံခါးဖွင့်သံကြားလိုက်ရသည်..။
Hyung ပြန်လာပြီထင်တယ်...။
တံခါးပြန်ပိတ်ပြီး...အိမ်ထဲဝင်လာသည့်အသံ
ကိုကြားနေရပေမယ့်...သူလျှစ်လျူရှူထား
လိုက်သည်....။
Hyung ကသူ့ကိုတကယ့်ကိစ္စကြီးကို
လိမ်ညာထားတာ....။
သူ့မာနက hyung နဲ့စကားပြောဖို့
ခွင့်မပြုသေးဘူး....။သူ့နောက်နားအရောက်မှာ...ရပ်တန့်သွား
သည့်ခြေလှမ်းတွေ....။"ငယ်လေး..."
သူပြန်မဖြေ...။
"ငယ်လေးရယ်...hyung ကတမင်
မပြောပြတာမဟုတ်ပါဘူး...hyung...
Hyung...ကြောက်နေလို့ပါ...။
ငယ်လေး လက်မခံမှာကို hyung
ကြောက်လွန်းလို့....မပြောပြနိုင်ဘူး
ဖြစ်နေရတာပါ....။"ရပ်တန့်သွားသည့် စကားသံတွေနောက်
တိုးညင်းသည့်သက်ပြင်းချသံ ကိုကြား
လိုက်ရသည်....။"လက်ခံပါလို့လဲ hyung အတင်းမပြော
လိုပါဘူး....ဒါပေမယ့်လေ....
Hyung ရဲ့ပျော်ရွှင်မှုတွေဖြစ်တည်ရာက
ဆယ်ဟွန်း တစ်ယောက်ပဲရှိတာပါ..
ငယ်လေး...။
နောက်ထပ်ဘယ်သူမှ ထပ်မရှိနိုင်တော့ဘူး။
အဲဒါတစ်ခုတော့ သိထားပေးပါ..ငယ်လေး"တရွေ့ရွေ့နဲ့ ခြေသံ တွေကအခန်းထဲကို
ရောက်သွားချိန်မှာတော့...သူ လက်နှစ်ဖက်
လုံးနဲ့မျက်နှာကိုပွတ်ချပစ်သည်....။ဘာပဲပြောပြော....သူလက်ခံပေးရတော့
မည်ထင်ပါသည်....။°°°•••°°°•••°°°•••°°°•••°°°•••°°°•••
YOU ARE READING
မင်း!...[COMPLETED]
Fanfictionသွားစမ်းပါ...အိုဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့... သွားစမ်းပါ...အို်ဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့...